သီးသန့်ဓာတ်လှေကားက အပေါ်ထပ်သို့ တန်းတန်းမတ်မတ်သွားပြီးနောက်

နှစ်ယောက်သား ဓာတ်လှေကားမှ ဆင်းလိုက်သည်နှင့် ငယ်ပြီး လှတဲ့ အတွင်းရေးမှူး အမျိုးသမီးက နှုတ်ဆက်လာသည်။

"ကျန်းကော"

"ဒီက လူကြီးမင်းက ဘယ်သူလဲ?"  အတွင်းရေးမှူး ရှီယွင်နန်ကို မသိပေမယ့်  ချောတဲ့မျက်နှာလေးကိုကြည့်ပြီး ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။

ချင်ကျန်းကို ထိပ်ဆုံးက ရုံးခန်းကိုလိုက်ပို့ခိုင်းတဲ့သူဆိုတော့ ဒီလူက နောက်ခံ အင်အားကြီးတဲ့သူပဲ ဖြစ်ရမယ်။

"ရှီယွင်နန်၊ မစ္စတာရှီတဲ့။"

ချင်ကျန်းက  လော့လင်းရှန်း နှင့် ရှီယွင်နန်တို့ရဲ့  ဆက်ဆံရေးကို တမင်တကာ လူသိရှင်ကြား ထုတ်ပြောမနေဘဲ လိုရင်းတိုရှင်း  မိတ်ဆက်ပေးလိုက်သည်။

"လင်းနာ၊ ခေါင်းဆောင် အလုပ်ရှုပ်နေလား?"  ချင်ကျန်း မေးတော့

လင်းနာက အနည်းငယ် ချီတုံချတုံဖြင့် ပြန်ပြောလာသည် "ဒုတိယအိမ်တော်က မစ္စတာနဲ့ မစ္စ ရောက်နေတယ်။ ဒါရိုက်တာလော့ ရုံးခန်းထဲ ဝင်သွားတာ ဆယ်မိနစ်တောင် မပြည့်သေးပါဘူး။"

"မစ္စတာရှီ၊ ကျွန်မနဲ့ ဧည့်ခန်းကို အရင်လိုက်လာပေးပါလား?"

ရှီယွင်နန်ကတော့ ပထမစာကြောင်းကို ကြားသောအခါ လာသည့်အကြောင်းအရင်း အချို့ကို မှန်းဆနိုင်လိုက်သည်။

ပြီးခဲ့တဲ့အပတ်က လော့ နဲ့  လုံရဲ့ ဟွားကျုံးကောမှာ  ကျောင်း နှင့် တခြားသူတွေကို သူတို့ ဘရန်း ဒီဇိုင်းခိုးယူမှုဖြင့် ပူးတွဲတရားစွဲဆိုခဲ့ပြီး အမှုက ဆက်လက် ဆောင်ရွက်နေဆဲပင်။

သို့သော်၊ အွန်လိုင်းလူထုရဲ့ အာရုံစိုက်မှုနှင့် ဝေဖန်မှုများအပြင် အချိန်လုံလုံလောက်လောက်နဲ့ အထောက်အထားများကြောင့် လုံမိသားစုက ဒီအမှုမှာ အနိုင်ရမှာအသေအချာပင်။

သက်ဆိုင်ရာ စည်းမျဥ်းများအတိုင်း လျော်ကြေးငွေ အများအပြား ရနိုင်လောက်သည်။

ရှေ့နေရဲ့ စကားအရဆို ကျောင်းအုပ်စုက ယလန်ဘရန်းကို အဓိကတာဝန်ယူခိုင်းခဲ့ပြီး ရှီးခဲယွဲ့ တမင်လုပ်ကြံ ထားတဲ့  လိမ်လည်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now