*182* သူဟန်ဆောင်နေတာ

Start from the beginning
                                    

ရုန်ယိက ခေါင်းအသာ ငြိမ့်ပြလာ၏။

ရုန်ယိခန္ဓာကိုယ်က ယင်ကျင်းရဲ့ကို ပြောလိုက်သည်။
"သွားကြစို့"

ယင်ကျင်းရဲ့က ထရပ်ကာ အခန်းအပြင်ကို ထွက်သွားတော့သည်။

ရုန်ယိခန္ဓာကိုယ်လည်း ရုန်ယိကိုခေါ်ကာ သူ့နောက်ကနေ လိုက်သွားလိုက်၏။

ထိုအချိန် ယင်မိသားစုရဲ့ခန်းမနဲ့ ခြံဝန်းအတွင်းမှာတော့ အလွန့်အလွန်ကို စည်ကားသက်ဝင်နေလေသည်။ လူတိုင်းလူတိုင်းက သူတို့သခင်လေးရဲ့လက်တွဲဖော်ကို တွေ့မြင်ရဖို့ ဒီနေရာကိုရောက်လာကြတာဖြစ်လေသည်။ ယင်ကျင်းရဲ့တို့ရောက်မလာကြသေးတာ တွေ့တဲ့အခါ နှစ်ယောက်တစ်စု သုံးယောက်တစ်စုနဲ့ ရုန်ယိအကြောင်း ဝိုင်းဖွဲ့ပြောနေကြ၏။

"ငါကြားတာတော့ သခင်လေးရဲ့ကျင့်ကြံဖက်က ယောက်ျားလေးတဲ့.. ပြီးတော့ အလှပြင်ရတာကြိုက်ပြီး သူရဲဘောကြောင်တဲ့သူတဲ့လေ"

"ငါလည်း သူက အားနေငိုနေပြီး ခြေထောက်စည်းထားရတာ အရမ်းကြိုက်တဲ့အကြောင်း ကြားထားသေးတယ်.. အသက်က ၁၈ တောင်ရှိပြီကို အခုမှ ချီသန့်စင်အဆင့်ဘဲ ရှိသေးတာတဲ့.. ဒါနဲ့ ငါကြားတာတော့ သူတစ်ကယ်ကြိုက်တဲ့သူက သူ့ဆရာတူအစ်ကိုဆို.. သခင်လေးက ဒီလို မိန်းမဆန်တဲ့သူကို ဘာလို့များ သွားသဘောကျရတာလဲ မသိတော့ဘူး"

"ငါတို့သခင်လေးက ဒီလိုပုံစံမျိုးကို သဘောကျလို့နေမှာပေါ့ကွာ"

လူတိုင်း ပါးစပ်အုပ်ကာ ကြိတ်ရယ်လိုက်ကြသည်။

ထို့နောက် တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။
"ငါတို့က အခုထိ သူ့ကို လူကိုယ်တိုင်တောင်တွေ့ရသေးတာမဟုတ်ဘူး..  ဒါကို မင်းတို့က ကောလဟာလတွေနဲ့တင် လူတစ်ယောက်ကို ဝေဖန်ပြီးနေပြီပေါ့လေ.. သူဘယ်လိုလူလဲ ဆုံးဖြတ်ဖို့ဆိုတာ အရမ်းစောလွန်းမနေဘူးလား"

နောက်တစ်ယောက်ကလည်း ဝင်ပြောလာသည်။
"တစ်ကယ်ဘဲ လူတစ်ယောက်ကို ကောလဟာလတွေဘဲ နားထောင်ပြီး မဆုံးဖြတ်သင့်ဘူး.. ဒီကောလဟာလတွေထဲကလူက အင်အားအကြီးဆုံး ကျင့်ကြံရေးမိသားစုကြီးတွေ သူ့အတွက် အကြီးအကဲတွေခေါင်းတွေယူပေးအောင် သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်နိုင်စွမ်းရှိတာ မင်းတို့လည်းသိတာဘဲ.. ယင်မိသားစုရဲ့ အဓိကရန်သူတွေဘဲဆိုရင်တောင်မှ တော်တော်လေး အရည်အချင်းရှိနေပြီ။ အကြီးအကဲတွေရဲ့အသက်ကိုနှုတ်ဖို့ ထိုင်စောင့်နေတဲ့ မိစ္ဆာကျင့်ကြံသူတွေ ၊ သားရဲကျင့်ကြံသူတွေနဲ့ တစ္ဆေကျင့်ကြံသူတွေရှိနေသေးတာ ထည့်မပြောရသေးဘူးနော်.. ဒီလိုလူတစ်ယောက်.. မင်းတို့က သူ့ကို သူရဲဘောကြောင်တဲ့သူလို့ထင်နေတုန်းဘဲလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now