Chapter 98 (Zawgyi)

1.1K 52 1
                                    

ကျူးကျူး သူမသေးငယ်ပုံမပေါ်စေရန် ရှုထောင့်ကောင်းတွေကို သေချာရှာလေသည်။ အိမ်မက်ဆန်တဲ့ပုံစံပေါက်နေစေရန်  နတ်သမီးတပါးလိုပုံစံပေါက်စေရန် နေရာယူလိုက်ပြီး ပို့စ်စတင်ပေးတော့သည်။
ချန်ကျမ်းရိုက်ပေးရန် နေရာယူနေစဉ် ကျူးကျူးနောက်ကိုလှည့်ကြည့်လိုက်ပြီး သူ့နေရာက သူမနဲ့ဝေးနေလားစစ်ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာနဲ့ သူမပို့စ်ပေးနေလိုက်သည်။
ခဏလောက်စောင့်ပြီးနောက်
ကျူးကျူး ။ "အဆင်ပြေလား?"
ချန်ကျမ်းရဲ့လေသံက လေးနက်နေသည်။ "အရမ်းလှတယ်၊ အရမ်းအနုပညာဆန်တယ်"
ကျူးကျူး ။ "???"
'ငါ ထူးဆန်းတဲ့ခံစားချက်ရနေတယ်'
သူမကျောက်ဆောင်ပေါ်ကနေ ခုန်ဆင်းပြီး ချန်ကျမ်းဆီက ကင်မရာကိုယူကြည့်ရန် ပြေးသွားလေသည်။ တခဏလောက် သူမကြောင်သွားပြီး ဓာတ်ပုံထဲကသူက သူမမှန်းတောင် မမှတ်မိတော့မလိုဖြစ်သွားသည်။
ဒီတခေါက် အကွာအဝေးဟာ နီးတော့နီးသည်။ သူမတကိုယ်လုံးပုံထဲပြည့်နေအောင်က်ု နီးတာပေ။ အဆိုးဆုံးကတော့ ချန်ကျမ်းဟာ အဲပုံက်ု အောက်ပင့်ရိုက်ထားကြောင့်ပေ။
ဓာတ်ပုံထဲမှာ ကျူးကျူးဟာ လူသန်ကြီးလိုဖြစ်နေပြီး ဖုန်းနဲ့အပြည့်ဖြစ်နေသည်။ နောက်ကကောင်းကင်ရော နေဝင်ချိန်က်ုပါ ကမ်းခြေကိုပါ ကိုယ်လုံးနဲ့ကွယ်ထားသလ်ုဖြစ်နေသည်။ 'ငါက ဘယ်နားက နတ်သမီးလိုမျိုးတူတော့မှာလဲ? ဒီအတိုင်းဝက်မကြီးလိုပဲ'
ရိုက်ထားတဲ့ပုံက်ုကြည့်ပြီး ကျူးကျူးဟာ ချက်ချင်းပဲ ချန်ကျမ်းကို ဒုံးပျံမှာ ကြိုးနဲ့ချည်ပြီး ကမ္ဘာပေါ်ပြန်မရောက်လာနိုင်အောင် လွှင့်တင်ချင်စိတ်ပေါက်သွားသည်။
ကျူးကျူး သူ့သွားတွေကိုကြိတ်လိုက်ပြီး စိတ်ကောင်းတွေအားလုံး ရူးသွပ်မှုကိုပြောင်းသွားသလို "နင် ကမ်းခြေမှာ ယောကျာင်္းကို အသေသတ်တဲ့ကိစ္စ ကြားဖူးလား?"
ချန်ကျမ်း တိတ်တိတ်လေးနောက်ကိုနှစ်လှမ်းဆုတ်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည်။ "...ညစာစားချိန်တောင် ရောက်သွားပြီပဲ"
ကျူးကျူး စိတ်မပျော်တော့ပေ။
အဲအချိန်မှာ လေကအနည်းငယ်အေးလာတာကြောင့် လှပတဲ့ပုံတွေရိုက်ချင်တဲ့အကြံကို လက်လျော့လိုက်ပြီး ကုတ်အင်္ကျီကိုကောက်ဝတ်လိုက်ပြီး ညစာစားရန် ပြန်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။
သူမဒေါသထွက်စွာနဲ့ ရှေ့ကနေ မြန်မြန်လျှောက်သွားတာကြောင့် ချန်ကျမ်းဟာ နောက်မှာကျန်နေတော့သည်။ တင်းမာနေတဲ့လေထုကို ဖြေလျော့ရန် ချမ်ကျမ်းဟာ စကားစပြောလိုက်သည်။ "ငါမင်းကို နောက်တပုံရိုက်ထားလိုက်သေးတယ်"
သူမ ခြေလှမ်းကိုရပ်လိုက်ပြီး သံသယအပြည့်နဲ့ မေးလိုက်သည်။ "မသန်စွမ်းပုံပေါက်အောင် ရိုက်ထားတာတော့မဟုတ်ပါဘူးနော်"
ချန်ကျမ်း လက်ကိုမြှောက်လိုက်ပြီး "သေချာပေါက်မဟုတ်ဘူးပေါ့"
ကျူးကျူး ကင်မရာကိုယူပြီး သေချာကြည့်လိုက်သည်။ ချက်ချင်း သူမအသံတိတ်သွားသည်။
'သေချာပေါက် ချန်ကျမ်းဆိုတဲ့ကောင် မျှော်လင့်ချက်မထားသင့်တာ'
'...ဒီခွေးကောင်က တကယ်ပဲငါ့ကို ၁.၂ မီတာပုံပေါက်အောင် ရိုက်ထားတာပဲ'
ကင်မရာထဲမှာ ကုတ်အင်္ကျီဝတ်ထားပြီး ၂ ပေလောက်ရှိတဲ့ လူပုလေးပုံပေါက်နေပြီး ဒေါသထွက်ပုံလည်းပေါက်နေသေးကာ မျက်မှောင်ကျုတ်ထားတာကြောင့် တကယ်ကို လူပုစိတ်တိုနဲ့တူနေလေသည်။
ကျူးကျူး ။ "..."
'တကယ်တော့ ချန်ကျမ်းရဲ့အမြင်မှာ ငါက ဒီလိုပုံစံပေါက်နေတာလား?'
'ငိုချင်လာပြီ'
ချန်ကျမ်း မျက်နှာရိပ်ကြည့်ပြီး ပြောလိုက်သည်။ "ငါအရမ်း ဗိုက်ဆာနေပြီ"
အဲဒီည ကျူးကျူးရဲ့ ဒေါသအကြည့်တွေအောက်မှာ ချန်ကျမ်းဟာ တည်ငြိမ်စွာနဲ့ ပင်လယ်စာတွေ အများကြီးစားနေသည်။ ကျူးကျူး သူ့ကိုစိုက်ကြည့်ပြီး ငါးကြော်ကို ဓား ခရင်းနဲ့ အဲဒီငါးကြော်ဟာ ချန်ကျမ်းဖြစ်နေသလိုမျိုးပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းOnde as histórias ganham vida. Descobre agora