Chapter 6(Unicode)

5.5K 536 1
                                    


"ကလစ်"

Refrigerator တံခါးဟာ ပွင့်သွားပြီး ချန်ကျမ်းဟာ အသင့်စားခေါက်ဆွဲတထုပ်ကို ယူလိုက်လေသည်။ သူ့အဝတ်တွေဟာ ဒိအတိုင်းရှိနေပြီး ဆံပင်ကစွတ်နေတာကြောင့် စိုနေတဲ့ အမဲရောင် hoodie ဟာ အေးပုံပေါ်နေလေသည်။သူဟာ ကျူးကျူးကို ကျောခိုင်းလျက်ပဲ နေရာမှာပဲ ရပ်နေလေသည်။ အဖြူရောင်နံရံကပ်တွေ အဖြူရောင် refrigerator အမဲရောင်မီးဖို အမဲရောင်နဲ့ အဖြူရောင်အခန်းထဲမှာ တောင့်တင်းတဲ့အမဲရောင်နောက်ကျောဟာ တသားတည်းလိုမျိုး ဖြစ်နေလေသည်။

(unicode နဲ့မှာ နှစ်ထပ်စာလုံးတွေ ရေးလို့မရလို့ အတတ်နိုင်ဆုံး ဆင်တူတဲ့ စကားလုံးတွေ သုံးပေးပါမယ်။ သုံးလို့မရတဲ့ စာလုံးတွေကိုတော့ အင်္ဂလိပ်ပဲ တိုက်ရိုက်သုံးပါမယ်နော်^^^^^)

သူ့နောက်ကျောကိုကြည့်ရင်းနဲ့ ကျူးကျူးဟာ ထရပ်လိုက်တော့သည်။

"ငါမကွာရှင်းနိုင်ဘူး"

ကျူးကျူးပြောတာကိုကြားပြီး တံခါးကနေဝင်လာကတည်းကနေ ဘာခံစားချက်မှမရှိတဲ့ တခါမှမတွေ့ဖူးတဲ့သူစိမ်းတယောက်လိုမျိုး သူမကိုတချက်တောင် မကြည့်ခဲ့တဲ့ ချန်ကျမ်းဟာ ပထမဆုံးအနေနဲ့ သူမကိုကြည့်လာခဲ့လေသည်။

"ဒီအိမ်ကို မင်းကို မပေးနိုင်ဘူး"

'အိမ်?' ကျူးကျူးဟာ တခဏလောက် တုံ့ဆိုင်းသွားလေသည်။

စားပွဲပေါ်မှာ ကွာရှင်းစာချုပ်နှစ်စောင်ရှိနေလေသည်။ ကျူးကျူးဟာ ကောက်ယူပြီး အလျင်အမြန်ဖတ်ကြည့်လိုက်လေသည်။ ရေးထားတာကတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်မပြေတာကြောင့် ကွာရှင်းကြောင်း ရေးထားလေသည်။ ချန် company ရဲ့  ရှယ်ယာအားလုံးဟာ RMB ၅ မီလီယံထက်ပိုလေသည်။ (မြန်မာငွေနဲ့ဆို သိန်း ၁သောင်း ၅ ထောင် ၂ ရာ ၂ ဆယ့် ၂ သိန်းလောက် ဖြစ်တယ်။)

နဂိုစာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း ချန် company ဟာ ချန်ကျမ်းအဖေပိုင်တာ ဖြစ်ပြီး company ရောင်းအားဟာ သိပ်မကောင်းပေ။ သူ့အမေသေသွားပြီးနောက် သူ့မိထွေးအိမ်ပေါ်တက်လာကတည်းကနေ အဖေနဲ့သား ဆက်ဆံရေးဟာ ပြိုကွဲသွားတော့သည်။ ချန်ကျမ်းဟာ ရှယ်ယာအနည်းငယ်ပိုင်ပြီး သိန်းဆယ်ဂဏန်းအနည်းငယ်ဝင်ငွေရှိလေသင်္ည။

ကျူးကျူး အနည်းငယ်လန့်သွားလေသည်။ ဒီအိမ်ဟာ မြို့ပြနဲ့နီးတဲ့ မီတာ ၁၀၀ တောင်မရှိတဲ့ ပုံမှန်လူနေအဆောက်အဦးဖြစ်လေသည်။ စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်းဆို အမြင့်ဆုံးစျေးဟာ သိန်း ၃၀ ထက်တောင်မပိုပေ။ 'ချန်ကျမ်းဟာ သူမကို ဒီလောက်တောင် ပေးမလို့လား?'

(အိမ်ထက်ပိုတန်ဖိုးကြီးတဲ့ ရှယ်ယာတွေပေးတာပါနော် ရှုပ်သွားမှာစိုးလို့)

နဂိုပိုင်ရှင်ဟာ ချက်ချင်းကွာရှင်းဖို့ လက်ခံလိုက်တာ အံ့ဩစရာမရှိပေ။

စာအုပ်ထဲမှာ ပြောထားတာကတော့ နဂိုပိုင်ရှင်ဟာ ချန်ကျမ်းပေးတာတွေကို အရမ်းကျေနပ်တာကြောင့် သူမဟာ သူ့အတွက်တောင် ဘောပင်ယူပေးလိုက်လေသည်။ အစမှာတော့ ဇာတ်လိုက်မဟာ ချန်ကျမ်းကို လက်ထပ်ဖို့ပဲ စဉ်းစားနေပြီး နဂိုပိုင်ရှင်ယူသွားတဲ့ သိန်းဆယ်ဂဏန်းအနည်းငယ်ဟာ ပုံမှန်လူတယောက် တဘ၀လုံး အေးအေးချမ်းချမ်းနေလို့ရလောက်အောင် လုံလောက်တယ်လို့ တွေးနေခဲ့သည်။

ကျူးကျူးဟာ စာချုပ်ကို ပိတ်လိုက်ပြီး ခေါင်းခါရင်း " ငါ နင်ပေးတဲ့ ငွေတွေရော အိမ်ကိုရော ပြောနေတာမဟုတ်ဘူး။ ငါနင်နဲ့ မကွာရှင်းဘူး။"


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now