[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : ငါတော့ မဲ ပေါက်မပေါက်ဘဲ စိတ်၀င်စားတယ်]

[ မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်တယ်: ဟေး ငါ မဲမပေါက်တာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒါ့အပြင် အွန်လိုင်းရှိနေတဲ့အရေအတွက်ကို ကြည့်ပြီး ငါရဲ့ မျော်လင့်ချက်တွေ ပျောက်ဆုံးကုန်ပြီ]

[ လရောက်အောက်မှာ ကခုန်မယ် : မဲပေါက်ဖို့ တောင်းပန်ပါတယ်]

[ အားရင်း : ဘုရားရေ သန်းရာကျော်မှာ တစ်ယောက်လောက် ပေါက်နိုင်မယ့် ကံတဲ့]

[ဖြတ်လျှောက်: မဲပေါက်ပါစေ]

"ဂုဏ်ယူပါတယ်။ မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက််တယ်။ မန်ပိုပိုပို၊ ကုယန်ချင်း၊ လရောက်အောက်မှာ ကခုန်မယ်. စတဲ့ ကံကောင်းသူ အယောက်နှစ်ဆယ်အတွက် အခုပဲ ပို့ပေးလိုက်ပါမယ်။ ဒါပေမဲ့ ထမင်းကို မထည့်ပေးထားတော့ ပစ္စည်းလာပို့တာကို စောင့်ရင်းနဲ့ အိမ်မှာ ချက်ထားသင့်ပါတယ်။ ကျေးဇူးပြုပြီး စာ အ၀င်ကို စစ်ဖို့ မမေ့ပါနဲ့။ အားလုံးပဲ မနက်ဖန် တွေ့ကြမယ်"

မဲပေါက်သူများကို ကြေညာပြီးသည်နှင့် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်သည်။

ဟော်ယွန်ရီက ပို့ပေးလိုက်သော ထမင်းဘူးများက အလွန် အဆင်ပြေသည်။ ယခင်ကကဲ့သို့ တစ်ဘူးဆီ ထည့်ရန်မလိုတော့ချေ။ရှောင်ပိုင်၏ အကူအညီဖြင့် ၂၂ဘူးလုံးကို ပြင်ဆင်ပြီးသွားသည်။မဲပေါက်သူများအပြင် ဟော်ညီအစ်ကိုနှစ််ယောက်အတွက်လည်း ပါသည်။ထိုနှစ််ယောက်အတွက်မူ ထမင်းကိုပါ ထည့်ပေးလိုက်သည်။

ဟော်ယွန်ချန်းက လွန်ခဲ့သော နှစ်ရက်လုံးလုံး စတားနက််​ေဝါ့ပေါ်မှ ကိစ္စနှင့်အလုပ်များနေခဲ့ရပြီး ရုံးချုပ်တွင်လည်း အချိန်ပို ဆင်းနေခဲ့ရသည်။ ဟော်ယွန်ရီကလည်း ပါ၀င်ပစ္စည်းအသစ်များကို ရှာဖွေလေ့လာနေသည့်အတွက် အချိန်ပို ဆင်းရပြန်သည်။ယွမ့်ထန်းက သူတို့နှစ်ယောက်လုံးကို ရုံးချုပ်ကိုသာ ပို့ခိုင်းလိုက်သည်။ ပစ္စည်းကို ပို့ပြီးနောက် တံခါးကို ပိတ်လိုက်ကာ ဆိုဖာပေါ် ပြန်ထိုင်ပြီး အတွေးနက်သွားသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now