“ဟမ့် ကိစ္စတွေကိုကိုယ်တိုင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတောင် မသိဘူးပဲ၊ တကယ်ကို အသုံးမကျတဲ့အကောင်”
တစ်ဖက်သူက နှာခေါင်းရှုံ့သည်။

“ကိုယ့်ဘာသာ နည်းလမ်းရှာ”

“ယဲ့ရှောက် ဟယ်လို”

တစ်ဖက်သူက ချက်ချင်းဆိုသလို ဖုန်းကိုချသွားသည်။ တစ်ဖက်လူက ဒီကိစ္စထဲ ဝင်ပါချင်စိတ်မရှိကြောင်း သေချာနေ၏။

“မျိုးမစစ်ကောင် ကိစ္စတွေ ဒီလောက်ကြီးမှ ငါ့ကို ပိုက်ဆံနည်းနည်းထပ်ပေးရုံနဲ့ ချောက်တွန်းချင်နေတာပဲ”

ဝေ့ကျိုးက ပြတ်တောက်သွားသော ဖုန်းခေါ်ဆိုမှုကိုကြည့်ပြီး ဒေါသတကြီးစားပွဲပေါ်မှ ပစ္စည်းများအားလုံးကို လွှင့်ပစ်သည်။ သူ၏မျက်နှာက နီရဲလာပြီး လွင့်ထွက်သွားတော့မည့် ပူဖောင်းတစ်လုံးကဲ့သို့ဖြစ်လာ၏။

“မင်းက ဒီလောက်အထိ ရက်စက်လာမှတော့ ငါ့ကို ဆိုးရွားတယ်ဆိုပြီး အပြစ်မတင်နဲ့တော့”

“ဟုတ်တယ်၊ အဲ့ဒီယဲ့ရှောက်က …”
ပါပါရာဇီတစ်ယောက်က တုံ့ဆိုင်းနေသည်။

ထိုအခါ ဝေ့ကျိုး၏ဒေါသများကို ရေအေးဖြင့်လောင်းချလိုက်သကဲ့သို့ ငြိမ်းချမ်းသွား၏။ သူ၏မျက်နှာမှ နီရဲမှုကလည်းပျောက်ကွယ်သွား၏။ သူ၏မျက်နှာက စတင်ဖြူဖျော့လာကာ ကြမ်းပြင်သို့ဒူးထောက်လျက် ပြုတ်ကျသွားတော့သည်။

အို ငရဲဘုရင်တွေရဲ့တိုက်ပွဲမှာ သူ့လိုနတ်ဆိုးငယ်လေးက ခံစားရတော့မယ်၊ ဒီတစ်ကြိမ်တော့ သူ တကယ်အဆုံးသတ်ပြီပဲ။

တစ်နေ့တာသင်ကြားမှုကလည်း ပြီးစီးသွားသည့်အပြင် စတားနက်ဝေါ့မှ ကိစ္စကလည်း ဖြေရှင်းပြီးသွားသည့်အတွက် ယွမ့်ထန်းက အိမ်သို့ပျော်ရွှင်စွာ ပြန်သွားသည်။ ယွမ့်ထန်းက အိမ်သို့ပြန်ရောက်ပြီးနောက် ဟော်ယွန်ရီ ထည့်ပြောခဲ့ဖူးသော တို့ပူးက ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ဉာဏ်ရည်မြင့် အိမ်တော်ထိန်းက သိုလှောင်ခန်းထဲတွင် လတ်ဆတ်အောင် ထည့်ထားပေးသည်။ သူက တံခါးကိုဖွင့်လိုက်သည်နှင့် အကယ်ဒမီသိပ္ပံက ထည့်ပေးလိုက်သော တို့ပူးအမျိုးအစားနှစ်မျိုးကို တွေ့လိုက်ရ၏။ တို့ပူးမာနှင့်တို့ပူးပျော့နှစ်ခုလုံးက အတုံးကြီး နှစ်တုံးစီပါဝင်နေသည်။ ထို့ကြောင့် သည်နေ့ညစာအတွက် တို့ပူးဟင်းလျာကိုသာ ချက်ပြုတ်ရန်ပြင်ဆင်လိုက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now