"အားလုံးပဲ ကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်။ ဒီအတိုင်း ဆက်ထိန်းထားကြပါ"

ယွမ့်ထန်းက ချီးကျူးရာတွင် မတွန့်တိုချေ။ သူက မ၀သေးသူများကို ဆက်စားစေလိုက်သည်။

အားလုံးက ဗိုက်ပြည့်သွားသောအခါ ယွမ့်ထန်းက သည်နေ့အတွက် သင်ကြားရေး ဒုတိယမြောက်အဆင့်ကိုစတင်သည်။ သူက အားလုံးအတွက် အခြေခံ ဟင်းလျာဖြစ်သော အာလူးပူစပ်ကိုသင်ပေးရန် တွေးထားသည်။

ထိုဟင်းပွဲအတွက ်အခက်အခဲက မရှိသလောက်ဖြစ်သည်။တစ်ခုတည်းသော စစ်ဆေးနိုင်သည်မှာ ဓားကိုင်စွမ်းရည်ဖြစ်သည်။ အားလုံး၏ အာလူးနွှာစွမ်းရည်ကို မြင်ချိန်တွင် ယွမ့်ထန်းက ပြုံးမိလေသည်။ လျိုဟိုင်ထောင်ဆိုလျင် ခွေးက ကုတ်ခြစ်ထားသလို အခွံနွှာထားသည်မှာ ယွမ့်ထန်းပင် ရယ်ချင်စိတ်ကိ မနည်းထိန်းခဲ့ရသည်။ အားလုံး၏ ဓားကိုင်စွမ်းရည်က ကြောက်လန့်ဖွယ်ကောင်းသည်။

ယွမ့်ထန်းက လက်ထောက်များက ဂရုတစိုက် သင်ကြားနေချိန်တွင် စတားနက်​ေဝါ့က ပွက်လောရိုက်နေသည်။

နှစ်ရက်တာ အေးစက်စက် အဆက်ဆံခံရပြီးနောက်တွင် ေ၀့ကျိုးက ပြဿနာတွင်း ဆက်တူးရန် နောက်ကျသွားပြီဖြစ်သည်။ ထိုမတော်တဆမှုအတွက် စိတ်အားထက်သန်မှုများက အနည်ထိုင်သွားပြီး ပြည်သူများက အကြောင်းပြချက်ကို ပြန်ကြည့်နေကြသည်။ သူတို့က စတင်ကာဖြင့် ယွမ့်ထန်းက နောက်ခံကို ဖုံးကွယ်ထားသည်မှာ မကောင်းသော လုပ်ဆောင်မှုဟုပင် သုံးသပ်လာကြသည်။မည်သို့ပင်ဆိုစေ ပုံမှန်အတိုင်း တွေးကြည့်ရုံနှင့်တင် သူ၏နောက်ခံကို ထုတ်ပြောခြင်းက ပရိတ်သတ်များကတဆင့် ပို၍ကျော်ကြားစေနိုင်သည်။ သူက ရုပ်ရှင်ဧကရာဇ်သာ ဖြစ်ရုံတင်မကဘဲ ကြယ်လေးပွင့် စာဖိုမှူးလည်းဖြစ်သည်။အခြား အနုပညာရှင်များဆိုလျင် တကူးတက ကြေညာနေလောက်သည်။

ထိိုသို့တွေးကြည့်ပြီးနောက်တွင် ေ၀့ကျိုး၏ ေ၀့ပေါ်မှ ပိုစ့်က နားလည်မှုလွဲအောင် တမင်လုပ်သလိုဖြစ်နေပြန်သည်။ ရေတပ်၏ ပြည်သူလူထုထံ အမြင်လွဲမှားအောင် လုပ်ပြီး လမ်းမှားသို့ တွန်းပို့မှုအောက်တွင် အားလုံး၏ သုံးသပ်မှုများကလည်း လမ်းကြောင်းလွဲကုန်တော့သည်။အခြားတစ်ချက်အနေနှင့် ယွမ့်ထန်း ကျော်ကြားလာခြင်းက မြန်လွန်းနေသည်။သူ့တွင်လည်း ပရိတ်သတ်များရှိပါသော်လည်း အစစ်အမှတ် ပရိတ်သတ်က နည်းလွန်းသည်။ ထိုကြောင့် ရေတပ်၏ ဦးဆောင်မှုအောက်တွင ်အားလုံး၏ ထင်မြင်ချက်များက ပြောင်းလဲကုန်တော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now