အပိုင်း(၇)

Start from the beginning
                                    

Hotel ဧည့်သည်စာရင်းကိုလိုက်၍ အခင်းအကျင်း အပြင်အဆင်ကကွာခြားသွားသည်။ဖိတ်ကြားထားသည့် ဧည့်သည်များက စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များသာဖြစ်၍ decorationတွင် ခေတ်ဆန်ဆန် fancyပစ္စည်းများကို အသားပေးရမည်။

ဧည့်ခံပွဲက ညဘက်တွင်ဖြစ်၍ အစားအသောက်စီစဥ်စရာမလို။ဝိုင်နှင့် သစ်သီးတစ်ချို့နှင့်သာဆိုလုံလောက်သည်။

ဘုန်းရဲအလုပ်ရှုပ်နေချိန် တဂွီဂွီဆန္ဒပြသံများကြောင့် နာရီကိုကြည့်လိုက်တော့ နေ့လယ်၁၂နာရီအတိ။ဒီချိန်သွယ်ရော နေလယ်စာစားပြီးလောက်ပြီလား။သွယ့်ကိုစိတ်ပူမိသွားသည်။သွယ်က ငယ်ငယ်တုန်းကလည်း စာဂျပိုးစာမေးပွဲရက်များဆို ထမင်းမေ့ဟင်းမေ့စာလုပ်တတ်သည်။ယခုပြန်တော့လည်း ကွန်ပျူတာဆရှ့ကမခွာသည့် အလုပ်သရဲလေးဖြစ်မှာသေချာသည်။

သွယ့်အကြောင်းစဥ်းစားမိ၍ စိတ်လိုလက်ရပြုံးရင်း နေ့လယ်စာစားရန် စားသောကဆိုင်တစ်တစ်ဆိုင်ဘက်သို့ထွက်လာသည်။

ချစ်ခြင်းမေတ္တာဟူသည့် စိတ္တဇနာမ်လေးက စိတ္တဆန်ဆန် သူ့အကြောင်းလေးတွေးမိရုံနှင့် အပြုံးတွေဟာအလိုလိုပေါ်ပေါက်လာတတ်သည်။

******

ခွက်ချင်းတိုက်သံ လမ်းလျောက်သံ စကားပြောသံတို့ဖြင့် ဆူညံနေသော ခြံဝန်းထဲတွင် သွယ်တို့ထိုင်နေရာဝိုင်းလေးသည်လည်း သတိုးသားနှင့် သတိုးသမီးလောင်းဖြစ်သည့် ဟိန်းထက်နဲ့ရွှေစင်မပါဘဲ စကားပြောသံများဖြင့် တညံညံဖြစ်နေကြသည်။

"စုနင်စားတာများနေပြီ မဟုတ်ဘူးလား"

"နင်ကလည်း ပိစိလေးပဲစားတာပဲ"

"ပိစိလေးက၃ပန်းကန်ရှိပြီ"

"ဟွန့် ၃ပန်းကန်ထဲပါ"

ဆီဝေ့နေသော နှုတ်ခမ်းသေးသေးရဲရဲလေးဖြင့် လက်မနှင့်လက်ညိုးထိပ်ချင်း ထိကပ်ကာ ပိစိလေးကို ပုံဖော်နေသော စုက ဝေယံ၏ စိုးရိမ်အကြည့်များကို ဟီးခနဲ သွားလေဖြီးကာ မျက်နှာချိုသွေးလိုက်သည်။

သွန်းနှင့်သွယ်သည် ထို၂ယောက်ကိုကြည့်ကာ မနိုင်ဘူးဆိုသော အကြည့်နှင့် လွှတ်ထားလိုက်သည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now