အပိုင်း(၇)

Start from the beginning
                                    

ဘုန်းရဲထင်တာမမှားဘူးဆို ထိုလူက B & Y group၏ အချက်အလက်များကို ပြိုင်ဘက်groupထံရောင်းလိုက်သည့်ပုံပင်။ဘုန်းရဲ နှုတ်ခမ်းစွန်းများက အဓိပ္ပာယ်ပါပါ ကော့တက်သွားသည်။

"ဦးထွန်းလှိုင် ဦးထွန်းလှိုင် ခင်ဗျားကတော့ ငွေနောက်လိုက်ပြီး ငွေထုပ်ထဲကဓားကိုမမြင်တော့ဘူးပဲ"

လက်မနှင့်လက်ညှိုးကိုအသုံးပြုကာ ဘောပင်ကိုဆော့ကစားရင်း တစ်ယောက်တည်းရေရွတ်လိုက်သည်။ထိုလူကို ဘုန်းရဲသံသယရှိနေသည်ဖြစ်၍ ကြိုတင်စီစဥ်ထားသည်မှာ အဆင်ပြေသွားသည်။ပိုက်ဆံအလုံးအရင်းသာပေးရင် group၏ အချက်အလက်တွေကို ရောင်းစားဖို့ဝန်လေးနေမှာမဟုတ်မှန်းသိ၍ အချက်အလက်များကို အတုများနှင့်အစားထိုးထားလိုက်သည်။

အပြိုင်groupက ထိုအချက်အလက်များကို အစစ်မှတ်၍ ရင်းနှီးမြုပ်နှံမှူများပြုလုပ်လိုက်ရင်တော့ အရှုံးကြီးရှုံးမှာမြင်ယောင်သေးသည်။အခုသက်သေလည်းရပြီဆိုတော့ ထိုလူကိုပထုတ်ဖို့နည်းလမ်းပင်ကျန်တော့သည်။ယခုရထားသည့်သက်သေအတိုင်း ပထုတ်လျှင် ဇယားတွေရှုပ်လာနိုင်သည်မို့ ပရိယာသုံးကာ မထင်မှတ်ထားသောနည်းဖြင့် B & Y groupမှ အမြစ်ဖြတ်ရမှရမည်။

Akariyaရှိ ထိုလူ့shareများကို ၃ဆပေးထားသည်ကလည်း အကြောင်းမဲ့မဟုတ်။သွယ်နှင့်နီးကပ်ချင်တာလည်းပါသလို အမှိုက်ကိုသွယ်နှင့်စုအစား ရှင်းပစ်ပေးခြင်းလည်းဖြစ်သည်။အလုပ်ကိစ္စအကြောင်းပြပြီး သွယ့်ကိုတွေ့ခွင့်ရတာကတော့ သူ့အတွက်အပိုဆုပေါ့။

အလုပ်ကိစ္စဆိုမှ Akariyaမှ ဘုန်းရဲတာဝန်ယူထားသည့် projectကို ဘုန်းရဲလုံးဝမကိုင်အားသေးတာပင်။Hotelဟုခေါ်နိုင်ရုံသာသာ အကြမ်းဖျင်းဆောက်ထားသည်ဖြစ်သောကြောင့် ဆေးသုတ်သည့်အရောင်မှအစ စားပွဲခင်းအဆုံး ဘုန်းရဲကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။projectအတွက်အကူအညီလိုလျှင် ကိုယ်စားလှယ်ဆီက အကုအညီတောင်းလို့ရတယ်ဆို၍ ဘုန်းရဲရယ်ချင်သွားသည်။

ဒီကောင်ကို သွယ်လေးက ဘာထင်နေလဲမသိ။ဒီလောက် projectအသေးအမွှားကို ၁လထဲနှင့်အပြီးလုပ်လို့ရသည်။ကိုယ်စားလှယ်ဆိုသူ ရှာထားပေးသော ဧည့်သည်စာရင်းတွေကြောင့် အချိန်ကုန်သက်သာသွားသည်ဆိုတာကိုတော့ ဝန်မခံချင်လည်း ဝန်ခံရပေမည်။ဘုန်းရဲကိုယ်တိုင်ရှာလျှင် တစ်ရက်လောက်အချိန်ကြာနိုင်သည်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now