ယွမ့်ထန်းက ထိုသို့ကြေညာပြီးသည်နှင့် ဆိုဖာပေါ်တွင် တစ်ခဏခန့် လှဲနေလိုက်သည်။  ထို့နောက်ပုံမှန်အတိုင်း ထချက်သည်။ သည်တစ်ကြိမ်တွင် သူက တိုက်ရိုက်ထုတ်လွှင့်ရန် မလိုအပ်ချေ။
သူက ယခုအချိန်မှစပြီး ထိုညီအစ်ကိုနှစ်ယောက်ကို ချက်ပြုတ်ချိန်တိုင်း သီးသန့်ပို့ပေးပါမည်ဟု ကတိပေးထားခြင်းကို သတိရသွားသည်။ ထို့ကြောင့် ထိုလူများ နှစ်ခြိုက်သည့်အရသာပုံစံကို တွေးတောလျက်ချက်ပြုတ်သည်။

ဟော်ယွန်ချန်းက အစပ်ကြိုက်သည်။ ထို့ကြောင့် သူက ငရုတ်သီးအပွအခြောက်နှင့် ငရုတ်ကောင်းများ ခပ်များများထည့်ထားသည့် ကြက်သားမွှေကြော်ချက်ရန်ပြင်လိုက်သည်။ အရောင်က နီရဲပြီးတောက်ပနေ၏။ ပါးစပ်အပြည့်စားလိုက်လျှင် နှုတ်ခမ်းများကို ထုံထိုင်းသွားစေနိုင်သည့်တိုင်အောင် အရသာက အလွန်ကောင်းသည်။ ထို့ကြောင့် ကျေနပ်ဖွယ်ဟင်းလျာဖြစ်သည်။

အခြားတစ်ယောက်ဖြစ်သော ဟော်ယွန်ရီကမူ အငံကဲသောအရသာမျိုးကိုကြိုက်၏။ ထို့ကြောင့် ယွမ့်ထန်းက ခရမ်းသီးအစာသွပ်ကို ချက်ရန်ဆုံးဖြတ်လိုက်သည်။ သူက ရှည်လျားသော ခရမ်းသီးနှစ်တောင့်ကိုယူလိုက်ပြီး အထဲသို့ကြိတ်ထားသောအသားများကို ထည့်သည်။ ထို့နောက် ဆီဖြင့်ကြော်ပြီးဆီကိုစစ်ထားလိုက်၏။ ပြီးသည်နှင့်ရေနှင့် ပဲချဉ် အနည်းငယ်ထည့်ကာ အချဉ်ကိုပြုလုပ်သည်။ မိနစ်အနည်းငယ်ကြာသည် အထိ အပူချိန်မြင့်မြင့်တွင် ခရမ်းသီးကို ဆူပွက်အောင်လုပ်ပြီးသည်နှင့် ဟင်းလျာက အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။ ခရမ်းသီးအပြင်ဘက်အလွှာက ကြွပ်ရွနေပြီး အတွင်းလွှာကမူ အလွန်အမင်းနူးညံ့နေမည်ဖြစ်သည်။ အသား၏အရသာကို ခရမ်းသီးက အပြည့်အဝစုပ်ယူထားသည့်အတွက် သည်ဟင်းလျာတစ်ခုလုံး၏အရသာကပင် လေးလံနေတော့မည်ဖြစ်သည်။ အပေါ်ယံမှ ခပ်ရဲရဲအချဉ်များကို ဆမ်းထားခြင်းကပင် သင့်လျော်သော ညစာတစ်ခွက်ဖြစ်သွားသည်။

သူက ဟင်းလျာများကို ချက်ပြုတ်ပြီးနောက်တွင် အားလုံးကို ဂရုတစိုက်ဖြင့်ကြီးမားသော ထမင်းဘူးများအတွင်းသို့ထည့်သည်။ ထမင်းကိုလည်း အပြည့်ဖြည့်လိုက်သေး၏။ ထိုဘူးများကို သူက ထိုဟော်ညီအစ်ကိုနှစ်ယောက်ထံသို့ ပေးပို့မည်ဖြစ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now