“သား..လေးလေးတောင်းပန်ပါတယ်။အဲ့ကိစ္စသူပြောသလိုမဟုတ်ပါဘူး”

“ကျွန်တော်သိပြီးပါပြီ။ကျွန်တော်မှတ်ဉာဏ်ပျောက်သွားကတည်းက ပါပါးပြောပြထားလို့သိပြီးပါပြီ။ကျွန်တော်ကသာ မဆင်မခြင်လုပ်ခဲ့ပြီး မိသားစုကိုစိတ်ပူစေမိတာ”

“ပါပါးပြောတာနဲ့အစ်ကိုကယုံလိုက်တာပဲလား”

“ဟို....ပါပါးဆီမှာ သေမှုသေခင်းဆေးမှတ်တမ်းတွေရှိနေတယ်”

ထိုအခါရှင်းခန့်က လရိပ်လက်ကိုဆွဲလိုက်ပြီး..

“ကျွန်တော်တို့သွားနားဦးမယ်”

---------
“ကျွန်တော့်ကို အရူးဖြစ်အောင်လုပ်တယ်”

“ငါမလုပ်ပါဘူး။မင်းဘာသာအိမ်ပြန်မလာတာ”

“အစ်ကို နားမလည်မှာစိုးလို့ ဘယ်လောက်တောင် ပင်ပန်းလိုက်ရလဲ။ငွေတွေဘယ်လောက်ကုန်လိုက်ရလဲ”

“ပြီးခဲ့တာတွေထားလိုက်ပါ။ငါမင်းကို ပြောဖို့ကြိုးစားသေးတယ်”

“မဟုတ်ဘူး။အစ်ကိုကျွန်တော့်ကို ဘယ်တော့မှ ရင်းနှီးတဲ့လူတစ်ယောက်လို့မတွေးဘူး။ဒီကိစ္စကိုအစ်ကိုက မပြောပဲနေနိုင်ခဲ့ပေမယ့်ကျွန်တော်တစ်ချိန်လုံးပူလောင်နေခဲ့တာ။အစ်ကို့ကို ဘယ်လိုရှင်းပြရမလဲဆိုပြီးပူလောင်နေခဲတာ”

“......”

“အဲ့တာကြောင့်ဟိုအသုံးမကျတဲ့ကောင်ကို လက်နတ်ကိုင်အဖွဲ့ထဲကနေငွေအများကြီးနဲ့ထုတ်ခဲ့ရတာ။$ ချိုးမပြေရင်အဲ့မှာတင် လည်လှီးပြီး အသက်ခံလိုက်ရမှာ အဲ့တာသိလား”

ရှင်းခန့်ပြောရင်းစိတ်တွေတိုလာသည်။လရိပ်က သူ့အပေါ်ကိုပွင့်ပွင့်လင်းလင်းရှိစေချင်သည်။ယုံယုံကြည်ကြည်နဲ့တိုင်ပင်၊ရင်ဖွင့်စေချင်သည်။ဒီလို လျှိုချန်ထားရအောင် ကိုယ်ကသူ့ကိုမကောင်းတာလုပ်မယ့်သူမှမဟုတ်ပဲ။ သူ့စိတ်ထဲမှာ လူကိုသံသယရှိသူလို့မှတ်ယူပြီး တိတ်တဆိတ်စောင့်ကြည့်နေခဲ့တာ။

လရိပ်လည်း ဘာပြန်ပြောရမှန်းမသိပဲ ရှိနေစဉ် ရှင်းခန့်ကတပတ်ကိုယူပြီး ရေချိုးခန်းထဲသို့ဝင်သွားကာ တံခါးကိုစောင့်ပိတ်ချလိုက်သည်။

My Bad Brother(Completed)Where stories live. Discover now