မိဘတွေခမျာဆရာဝန်ကြီးစကားကြားအပြီးငိုရမလိုရယ်ရမလိုပင်

မိဘနှစ်ပါးအပါအဝင် ကလေးထိန်းကျောင်းမှဆရာမရော အိမ်မှအလုပ်သမားများပါ 5နှစ်အရွယ်စိုင်းရှန်ဟတ်ကိုကြည့်ရင်းမှတ်ချက်ချခဲ့သည်

'သူများနဲ့မတူ  ညဏ်ရည်ထက်သည်
မာနကြီးသည်.ထူးထူးခြားခြားသွေးအေးသည့်ကလေးဟူ၍ပင်

ကြီးပြင်းလာလေ ရှန်ဟတ်သည် ပိုမိုအေးစက်သည့်လူတစ်ယောက်ဖြစ်လာခဲ့သည်..။ဖခင်ဆုံးပါးပြီးနောက် မိခင်ဖြစ်သူမှလွဲ၍ ဘယ်သူ့ကိုမှ စိတ်ထဲမထည့်တော့ပေ.။
.ထိပ်တန်းအသိုင်းအဝိုင်းမှမွေးဖွားလာသည့်ကလေးများတွင်ဖြစ်လေ့ဖြစ်ထရှိနေကြ ပြိုင်ဆိုင်မှုများတွင် နည်းနည်းလေးတောင်အကြောမခံပဲ ထိပ်ဆုံးနေရာမှာရောက်အောင်နေတတ်သည်..။

နာမည်ကြီးကျောင်းရဲ့ ကျောင်းကောင်စီ ဥက္ကဌဖြစ်လာသည့်အပြင်

ဘတ်စကတ်ဘောအားကစားတွင်ထူးချွန်လွန်းလှတာကြောင့်ခေါင်းဆောင်နေရာပါရထားသောစိုင်းရှန်ဟတ်သည် ဘတ်စကတ်ဘောကစားရသည်ကို သဘောမတွေ့ကြောင်းဘယ်သူမှထင်ထားမည်မဟုတ်..။

ဒီအတိုင်း အားကစားနေရာတွင်လည်းသူများထက်သာချင်တာကြောင့်ကြိုးစားခဲ့ရုံသာဖြစ်သည်..။

သူ့ကိုအနိုင်ယူခဲ့သည့်ပြိုင်ဘက်အသင်းတစ်ချို့ရှိသော်လည်း ကြာကြာမနိုင်လိုက်ရဘဲ ခြေကျိူးလက်ကျိူးဖြစ်သွားကြရှာသည်...။

အဲဒီအတွက်ငွေနဲ့ဖုံးသည်..။ယုတ်မာလွန်းသောpsycho Killerနီးပါးဝေဖန်တတ်ကြသော်လည်း ခေါင်းထဲထည့်မထားနေ..။
တကယ်တော့ရှန်ဟတ်က ပြိုင်ပွဲနိုင်တာကြောင့်ဒီလို လုပ်ရပ်လုပ်ခဲ့တာမျိုးမဟုတ်ခဲ့ပေ..။

နိုင်ရင်နိုင်တဲ့အတိုင်းမနေပဲ ငါကမင်းထက်သာတယ်ဆိုတဲ့မခိုးမခန့်အပြုအမူစကားတွေကြောင့် နည်းနည်းပါးပါးဆုံးမပေးလိုက်ရုံသာ..။တစ်ဘဝစာ အမှတ်ရနေမယ့်အမာရွတ်နည်းနည်းဖန်တီးပေးရုံကို သူကဘာကြောင့်များယုတ်မာတဲ့လူဖြစ်ရပါမည်နည်း..။ သေမှမသေသေးတာလေ..။

သို့သော် ထိုသို့ပြီးပြည့်စုံသည့်ဂုဏ်ပုဒ်နဲ့ကြီးပြင်းလာသော စိုင်းရှန်ဟတ်တွင် ချွင်းချက်တစ်ခုရှိခဲ့လေသည်..။

လေပြည်မရှိသောအရပ် (season2)जहाँ कहानियाँ रहती हैं। अभी खोजें