ပိုင်လင်မှာထန်ရိမင်စကားကြောင်ရင်ထဲမှာနွေးထွေးသွားသလိုခံစားရသဘ်၊ဒါကတစုံတယောက်ကိုယ့်ကိုစိတ်ပူပေးခံရတဲ့ခံစားချက်လား၊ဒီလိုခံစားချက်ငါတခါမှမခံစားဖူးဘူး ဒီခံစားချက်ကတကယ်ကိုကောင်းတာပဲ

ချန်မိန်ချင်းမှာသူ့ရှေ့မှာသူ့လူကိုလာမြူစွယ်နေတဲ့ကောင်ကိုကြည့်ပြီးအသားတွေတဆတ်ဆတ်တုန်လာတဲ့အထိဒေါသထွက်လာမိသည်၊ဒါပေမဲ့သူ့ဒေါသကိုထုတ်ပြလို့မရပေ၊ချန်မိန်ချင်လည်းထန်ရိကောတို့နားထော့နဲ့ထော့နဲ့ နဲ့လျှောက်သွားလိုက်ပြီ

"ထန်ရိမင်ကောညီမလည်းပိုင်လင်ကောကိုညီမတို့အတွက်အစားစာကိုတယောက်တည်မရှာစေချင်ပါဘူးဒါပေမဲ့..ညီမရဲ့ခြေထောက်ကလည်းသိပ်မကောင်းဘူး၊ကော..ထန်ရိမင်ကောသာလိုက်သွားရင်ညီမတယောက်တည်းဘယ်လိုနေခဲ့ရမှာလဲ"

ဇာတ်လိုက်မကတော့ဇာတ်လိုက်မပါပင်၊ပြောတဲ့အကွက်သိပ်လှတာပါပင်၊သူ့အကြောင်းမသိတဲ့သူကပင်သူရဲ့အခုလိုပြောပုံလေးကိုသနားပြီးပစ်ယုံသွားမှာအသေအချာပင်၊ပိုင်လင်ကတော့ဇာတ်လိုက်မရဲ့လက်ဖက်စိမ်းပုံစံကိုကြည့်ပြီးဖျားချင်စိတ်ပင်ပေါက်သွားသည်၊လက်ဖက်စိမ်းနဲ့သူနဲ့ဓာတ်မတည့်ပေ

"လူကြီးသူပြောတာမှန်တယ်မိန်းကလေးတယောက်ထဲတောထဲထားလို့ဘယ်ဖြစ်မလဲကျွန်တော်ကဒီတောလမ်းကိုကျွမ်းပါတယ်စိတ်မပူနဲ့နော်"
"လူကြီး"
ထန်ရိမင်မှာကောင်လေးရဲ့လူကြီးဆိုတဲ့စကားကြောင့်ရင်ဖက်ထဲရင်းနှီးကျွမ်းဝင်တဲ့ခံစားချက်ရလာသည်၊ဒီနံမည်ကသူချစ်ရတဲ့သူကသူ့အတွက်သီးသန်းပေးထားတဲ့နံမည်လိုပင်

ပိုင်လင်ကလည်းပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်
"အဲ့လိုခေါ်လို့ရလားဟင်"
"သေချာပေါက်ရတာပေါ့"
"ဒါဆိုကျွန်တော်သွားတော့မယ်"
တဖြည်းဖြည်းဝေကွားသွားတဲ့‌ေကာင်လေးရဲ့နောက်ကျောလေးကိုကြည့်မိပြီးသူ့နှလုံးသားလေးနာကျင်သလိုခံစားရသည်၊ဒီလိုဝေးကွားသွားတဲ့ခဲစားချက်ကိုသူမကြိုက်ပေ၊ကောင်လေးကိုသူ့အနားအမြဲတမ်းခေါ်ထားမှာပင်အဲ့ဒါမှသူနဲ့အမြဲတမ်းအတူရှိနိုင်မှာ

System WhiteWhere stories live. Discover now