"မင်းအဖေကမနက်ဖြန်မှဖွင့်ပေးဖို့ပြောပေမဲ့ ငါမစောင့်နိုင်တော့လို့"

"ငါ့ကိုလွမ်းနေမှန်းသိသားပဲ"

"ခွေးစကားပြောမယ်ဆို ပါးစပ်ပိတ်ထား"

"ဟားးဟား..ဒါနဲ့Honeyကိုရှာတွေ့လာ"

"မင်းဒါကိုတစ်နေ့ဆယ်ခါလောက်မေးနေတာလား"

"ဖယ်!"

ယွန်ဂီကိုတိုက်ပြီး အခန်းပြင်သို့ထွက်သွားသောဂျောင်ကု။ ဘယ်ကိုသွားလို့သွားမှန်းမသိ။ ခဏကြာတော့ ကားသံကြားလိုက်သောကြောင့် ဂျောင်ကုထွက်သွားပြီးမှန်းသိလိုက်ရသည်။

"ကျစ်...စောက်ရူးpsychoကောင်"

ယွန်ဂီမှာ အပေါ်ထပ်တွင်ခဏခန့်အတွေးခန်းဝင်နေပြီးအိမ်အောက်ထပ်သို့ပြန်ဆင်းလာတော့ နံရံထက်တွင်သူ့ကိုပြုံးပြနေသော ဂျီမင်၏ဓာတ်ပုံကို စိုက်ကြည့်နေမိသည်။

ဂျီမင်ထွက်သွားသည်မှာ သုံးလခန့်ရှိပြီး။ messageများပို့လာမလားဆိုပြီး ဖုန်းကိုကိုယ်နဲ့မခွါဆောင်ထားဖြစ်သော်လည်း စာဟူ၍တစ်စောင်မျှပင်မတွေ့။
ဂျွန်ဂျီမင်က နေနိုင်တာထက်ကိုပိုလွန်းသည်။

တီး...တီး....

တွေးနေတုန်း မြည်လာသောဖုန်းသံကြောင့် ကြည့်လိုက်မိတော့အမည်မသိဖုန်းနံပါတ်တစ်ခု။ ဂျီမင်များဖြစ်နေမလားဆိုသည့်မျှော်လင့်ချက်ဖြင့်ဖုန်းကိုချက်ချင်းကိုင်လိုက်သော်လည်း တစ်ဖက်မှဖြေလာသည့်စကားကြောင့် ယွန်ဂီသေချင်စော်နံသွားသည်။

"ခုချက်ချင်းလာခဲ့မယ် အဲ့ကောင်ကိုထိန်းထား!"

ဆိုင်ကယ်သော့ဆွဲပြီး ဂျောင်ကုရှိရာ ဘားသို့ အမြန်ဆုံးအရှိန်ဖြင့်မောင်းလာခဲ့သည်။ သကောင့်သားကိုလွတ်ပေးလိုက်သည့်သူကိုကမှားတာ။ ခုပဲထွက်သွားတယ် ရန်ပွဲကဖြစ်ပြီး။
ဘားရောက်တော့ ဂျော်နီ၏ တပည့်များက သူ့ကိုဝိုင်းချုပ်ထားသည်။

"ငါ xိုးမသား!
မင်းလက်ချက်မှန်းငါသိတယ်! "

"အိုဟိုး....စိတ်လျော့ပါဝန်ကြီးချုပ်သားရာ မင်းအဖေရဲ့အရှိန်အဝါကြောင့် ငါမင်းကိုမသတ်ရဲဘူးလို့ထင်နေတာလားမင်းက"

Loading..Där berättelser lever. Upptäck nu