172 - Second Ending Part 3

Start from the beginning
                                    

ထိုနည်းလမ်းကို သိလိုက်ရတဲ့အချိန်မှာ ရင်းဆုယဲ့လည်း ချက်ချင်း အကောင်အထည်ဖော်ချင်တဲ့အထိ စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ ဟွမ်ထျန်ဆိုတာ ဒီလိုစိတ်ထားကောင်းတဲ့လူမျိုး မဟုတ်ဘူးလေ။ အဲ့တာကြောင့် ၁၀၀ % မသေချာခင် အချိန်အထိ ရင်းဆုယဲ့လည်း မစမ်းသပ်ရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ တစ်ချက်လေးမှားသွားတာနဲ့ ကမ္ဘာလောကကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တာကြောင့်ပဲ။

သူ သေရမှာကြောက်တယ်။ သေပြီးနောက်မှာ ကောင်လေးနဲ့ထပ်မတွေ့ရမှာကို ကြောက်နေခဲ့မိတယ်..!

ဒီလိုနဲ့ အချိန်တွေဟာ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာခဲ့ပြီး သုံးနှစ်ကြာသွားခဲ့တယ်။

တခြားနည်းလမ်း ရှာမတွေ့ခဲ့ဘူး။ အဲ့အချိန်မှာ သူသိလိုက်တယ်။ ကောင်လေးကို ဒီကမ္ဘာလောကမှာ ရှာနေလို့မရတော့ဘူး။ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးလာခဲ့ပြီး လူသတ်ဖို့ အဆင်သင့်ဖြစ်လာတော့တယ်။ အဲ့အချိန်မှာပဲ ကောင်လေးရဲ့ အရွယ်ရောက်ပြီးသား မျက်နှာလေးနဲ့ ဟွမ်ထျန် ပေါ်ထွက်လာခဲ့ပြီး သူနဲ့ပူးပေါင်းချင်ပါတယ်လို့ ပြောလာခဲ့တယ်။ အဲ့တာကြောင့် ရင်းဆုယဲ့လည်း ဟွမ်ထျန်ရဲ့တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ဟွမ်ပေ့ချန်ကိုသတ်ဖို့ ပူးပေါင်းလိုက်ကြတော့တယ်။

သူ့ကိုလာရှာပြီး ပူးပေါင်းဖို့ပြောရလောက်တဲ့အထိ ဟွမ်ထျန်က သဘာကောင်းနေတာ ပုံမှန်မဟုတ်မှန်း သူသိပါတယ်။ ဒါပေမဲ့ သူ့မှာ တခြားရွေးချယ်စရာမရှိခဲ့ဘူးလေ။ အောင်မြင်ခဲ့ရင် ကောင်လေးနေတဲ့ကမ္ဘာကို အရောက်သွားနိုင်လိမ့်မယ်။ ရှုံးနိမ့်သွားရင်တော့ အလွန်ဆုံးမှ သူသေသွားရုံပေါ့။

ကောင်လေးမရှိတဲ့ ကမ္ဘာလောကကြီးမှာ ဆက်ပြီးအသက်ရှင်နေစရာ အကြောင်းမရှိတော့ဘူး..!

“ပြီးတော့ ဘာဖြစ်သွားလဲဟင်..?”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ဆီကနေ ပုံပြင်ရှည်ကြီးနားထောင်ဖို့ အဆင်သင့်ဖြစ်နေချေပြီ။ ဒါပေမဲ့ ရင်းဆုယဲ့က လိုရင်းတိုရှင်းသာပြောပြီး ဘာမှထပ်မပြောပြဘူး။ ထိုအခြင်းအရာက ပုံပြင်အရှည်ကြီး နားထောင်ချင်နေတဲ့ ရွှယ်ယို့ရှန်းကို စိတ်ပျက်သွားစေတယ်။ ထို့ကြောင့် ရင်းဆုယဲ့ကို သိချင်စိတ်ပြင်းပြလွန်းတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်ရင်း ဆက်ပြောလာဖို့ မျှော်လင့်နေတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now