Part I ( Unicode )

Depuis le début
                                        

"ခဗျားက မဖယ်တော့ဘူးလား ငါ့စက်ဘီးက တောင်ပံမပါသလို ခဗျားကိုကျော်ပြီးအပေါ်ကနေပျံတက်သွားမှာလည်းမဟုတ်ဘူးနော်"

ဟုတ်သားပဲ လမ်းဘေးကျဉ်းကျဉ်းလေးပေါ်မှာမှ ကျနော်က သူ့အရှေ့မှာပဲရပ်နေဆဲကို.
ခပ်မြန်မြန်နဲ့ ဖယ်ပေးလိုက်မိတဲ့အချိန်ပဲ ဘေးနားကပန်းရောင်စုံတွေချရောင်းထားတဲ့ခုံကိုတိုက်မိသွားခဲ့သည်.

ပန်းတွေထိမှာဆိုးလို့ရှောင်လိုက်ပေမဲ့ လူကယိုင်ပြီးဘေးလဲကျမလိုဖြစ်သွားခဲ့ကာ ဘောင်းဘီအိတ်ကပ်ထဲမေ့ပြီး အလွယ်ထည့်ထားမိတဲ့ Hotel room key card ကရေမြောင်းအသေးလေးထဲ ကွက်တိကိုစုံကျသွားခဲ့လေပြီ.

"Ohh shit သွားပြီ!"
ကျနော် ရုတ်တရက်လန့်ပြီးရေရွတ်လိုက်မိသည်

"ဘာဖြစ်ပြန်တာလဲ"

"ကျနော့် ဟိုတယ်အခန်း သော့ကဒ်ပြုတ်ကျသွားလို့
ဒုက္ခပဲ ပြန်ကောက်လို့လည်းမလွယ်ဘူးထင်တယ်"

"ဘယ်ရမလဲ ဒီရေမြောင်းတွေက မိုးရွာထားရင် ရေတွေဒလဟောဆင်းတဲ့မြောင်းတွေကြီးပဲ ခဗျားကိုက နမော်နမဲ့နဲ့"

ကိုယ့်ကို အပြစ်တင်ပြောဆိုလာတဲ့ ထိုကောင်လေးကိုအာရုံစိုက်မအားပေ Private Hotel လိုမျိုး Luxury ဆန်တဲ့ Apartment hotel လိုမျိုးနေရာကိုတမင်ငှားထားခဲ့တာမလို့ ကောင်တာကို သော့ပျောက်သွားတယ်ဆိုတာ အလွယ်ပြောစရာနေရာမရှိ ငှားပေးထားတဲ့ team ကမနက် 7 နာရီမှ Hotel ဆီပြန် Check လုပ်ပေးတာပင် Hotel Staff တွေလည်းကူပေးနိုင်မဲ့အရာမဟုတ်.

"ကဲ ခဗျား အဲ့ရေမြောင်းကိုပဲငုံ့ကြည့်နေရင် ငါးပဲထွက်လာလိမ့်မယ် သော့ကမြောသွားလို့ ဟိုဘက်ကမ်းတောင်ရောက်နေလောက်ပြီ"

"ကျနော် ဘယ်လိုလုပ်ရမလဲ"

"ဘယ်လိုလုပ်ရမလဲ Hotel တစ်ခုထပ်ငှားပေါ့"
ဘာမှစဉ်းစားမနေပဲ ခပ်အေးအေးပြောနေသောသူပါပင်.

London လိုမြို့မှာက Cash ကိုလက်ကမကွာအောင် ထုတ်ထားရတဲ့နေရာပင် Credit card ကနေရာတကာသုံးလို့မရပေ Cash လည်းခနခနထုတ်ဖို့ကအလုပ်ရှုပ်သေးတာကို.
ခနဆိုပြီး ဖုန်းတစ်လုံး key card ကောက်ယူကာ ဓာတ်ပုံရိုက်ရင်း လမ်းလျောက်ထွက်လာခဲ့တာဖြစ်သည် Credit card တွေမယူခဲ့တာဖြစ်လို့ cash အနည်းငယ်သာလက်ထဲကျန်တော့သည်. Hotel တစ်ညစာငှားဖို့ပင်မလုံလောက်တော့ပေ

ʜᴇᴀʀᴛ ꜰʀᴏᴍ ʟᴏɴᴅᴏɴOù les histoires vivent. Découvrez maintenant