လမ်းဘေးကို အငေးလွန်နေတဲ့အချိန် နောက်ကနေ စက်ဘီးတစ်စီးနင်းလာတဲ့ အသံခပ်သြသြ British လေသံနဲ့ english လိုအော်နေတဲ့ မတိမ်းတယိမ်းကောင်လေးတစ်ယောက်
"အာ တောင်းပန်ပါတယ်ခဗျ ကျနော်သေချာမကြည့်မိသွားလို့ပါ"
ကိုယ်တိုင်လည်း International ကျောင်းတွေဆီကနေပဲဘွဲ့ရခဲ့တဲ့အပြင် နိုင်ငံပေါင်းစုံနီးပါးခြေချနေတဲ့သူဆိုတော့ English ဆိုတာ ကိုယ့်ရဲ့ ဒုတိယဘာသာစကားလိုတောင်ဖြစ်နေပြီလေ ဘယ်လိုဖြစ်ဖြစ် ကိုယ်မှားတာဆိုတော့ စကားပြေပြေနဲ့ပဲတောင်းပန်လိုက်သည်.
"ခဗျား ဘေးတွေငေးနေတာက အကြောင်းမဟုတ်ဘူး ဒီလိုအချိန်ဆိုတာ လူသွားလူလာရှုပ်နေတဲ့အချိန် မတော်တဆတိုက်မိတိမ်းမိရင် တိုက်တဲ့သူကပဲအပြစ်ဖြစ်မှာ ခရီးသွားတွေက သိပ်ကိုနားမလည်တတ်ကြတာပဲ"
ကိုယ်တောင်းပန်တာတောင် ဆက်တိုက်အထွန့်တက်နေတဲ့သူကို နည်းနည်းတော့ကြောင်မိသွားသည်.
သူ့ကြည့်ရတာလဲ အလုပ်တစ်နေရာရာကပြန်လာလို့ အလျင်လိုနေတာထက် အိမ်ပြန်ဖို့ပဲအာရုံစိုက်နေတဲ့ပုံပါပဲ.
Britsh လူမျိုးဖြစ်သည့်အလျောက်လည်း သိပ်ကြီးကျယ်ပြီးဘုကလန့်နိုင်လွန်းပေသေးသည်
ဆံပင်နက်နက် သာမာန်လူတွေထက်တောင်ဖြောင့်စင်းနေတဲ့နှာတံ
တစ်သွယ်နဲ့အတူ အောက်နှုတ်ခမ်းဖောင်းဖောင်းလေးနဲ့ပင်.
အေးခဲနေတဲ့ရာသီဥတုကြောင့်လားမသိ အနည်းငယ်ဖောင်းနေတဲ့ပါးနှစ်ဖက်ပင် ခပ်နီနီဖြစ်နေပြီ အထူးခြားဆုံးသတိထားမိတာတော့ မျက်ဝန်းညိုညိုတွေကိုပင် မျက်လုံးဝိုင်းဝိုင်းလေးတွေက စိတ်မရှည်စွာအထွန့်တက်နေတဲ့ သူ့ဆီကစကားလုံးတွေနဲ့ကွာခြားကာ အလွန်ဆွဲဆောင်မှုရှိလှသည်.
ကျနော်စိုက်ကြည့်တာ နည်းနည်းကြာသွားသလားတော့မသိ စိတ်မရှည်တဲ့သူက မျက်ခုံးတန်းတွေပင် ချိုးလာနေပြီဖြစ်သည်.
"ဟုတ်ကဲ့ သတိထားလိုက်ပါ့မယ်"
ကျနော်လည်း ခပ်မြန်မြန်ပဲပြန်ပြောလိုက်မိသည်
ဒါပေမဲ့သူကတော့ တွန့်ချိုးနေတဲ့မျက်ခုံးတွေနဲ့ ကိုယ့်ကိုစိုက်ကြည့်နေတုန်းပင်.
Part I ( Unicode )
Beginne am Anfang
