အပိုင်း(25)Un Zaw

Start from the beginning
                                    

ပြန်ပြောလိုက်တာကချက်ချင်း

"မင်းမိုက်ရိုင်းလှကြီးလား ငါမင်းထက်အသက်ကြီးတယ်နော်

"  မိုက်ရိုင်းမှာ ထွားကြိုင်းတာတဲ့ ယှဉ်ကျေးရင် လူအထင်သေးတယ် အကြီးဖြစ်တာနဲ့ဘဲ ပြန်မပြောရတော့ဘူးလား

‌ဟန်ထိုကောင်လေးကိုဆွဲထိုးပစ်ချင်စိတ်‌တွေ တဖွားဖွား   အကြီးကိုအကြီးမှန်းမသိဘူးတစ်ခွန်းမကျန်‌ပြန်ပြောနေတာ ဒီလိုကောင်မျိူးကို ကာရန်ကဘယ်လို့များ အပေါင်းအသင်းလုပ်နေလဲ မပြောတက်

အခုမှတွေ့ဘူးတဲ့သူတွေက စစ်ပွဲအတွင်းကရန်သူတွေလို ရန်ဖြစ်နေတာမလို့ နွေဦးဝင်ဆွဲရတယ်

အရာရာကိုအေးအေးဆေးဆေးနဲ့ဖြေရှင်းတက်ပြီး လူကြီးလူကောင်းဆန်တက်တဲ့ ကိုဟန်ကလဲ ဒီကောင်လေးနဲ့ကျမှ ရန်ပြိုင်ဖြစ်နေ တကယ်ကိုနားမလည်နိုင်ပါ

" နှစ်ယောက်လုံးတော်ကြာတော့  ကိုဟန်သူအစားနွေဦးကဘဲ ကိုဟန်ကိုတောင်းပန်ပါတယ်နော်  သူက‌ငယ်သေးလို့ပါ

နွေဦးကြားထဲကနေ ဝင်ပြီးတော့တောင်းပန်လိုက်တယ်တော့တယ် မဟုတ်ရင် ရန်ဖြစ်လို့ပြီးမှမဟုတ်

"ဟ ကျုပ်မငယ်တော့ဘူး ကျုပ်ကြီးနေပြီး မယုံရင်ပြရမှာလား

"တော်တော့ သွားမယ်လာ

ရန်ထပ်ဖြစ်မှာဆိုးတာနဲ့ နွေဦးခွပ်ဒေါင်းလက်ကိုဆွဲပြီးတော့ ဈေးထဲကိုဝင်ခဲ့လိုက်ပြီး လိုအပ်တာတွေ ဝယ်လာခဲ့လိုက်တယ်

" ဖရဲသီး ချိုချိူအေးအေးရမယ်  တစ်စိပ်မှာ တစ်ရာ တစ်ရာ

ခပ်ဝဝအမျိုးသမီးကြီး ဖရဲသီးဗန်းချပြီး အော်ရောင်းနေတဲ့ဆီနွေဦး မျက်လုံးရောက်သွားသည်။ ဖရဲသီးတွေက နီရဲနေပြီး စားချင်စဖွယ်ဖြစ်နေတာကြောင့် နွေဦးစားချင်သွားသည်။

ခွပ်ဒေါင်းဘေးကလူကိုကြည့်လိုက်တော့ ဖရဲသီးတွေကို သေချာစိုက်ကြည့်နေပြီး မျက်လုံးတွေက အယောင်တွေလတ်နေသည် ခွပ်ဒေါင်းပြုံးလိုက်ပြီး

"စားချင်ရင် သွားဝယ်လေ

"အင်း

အင်းဆိုပြီး ဖရဲသီးသည်ဆီလျောက်သွားနေသူနောက် ခွပ်ဒေါင်းလိုက်ရတော့သည်။ ဟိုလူကတော့ လိုက်ချင်လိုက် မလိုက်ချင်နေ
သူကိုဝယ်ကျွေးဖို့လဲ ပိုက်ဆံမပါပါ

ဒေါင်းWhere stories live. Discover now