အခန်း ၇၁

Start from the beginning
                                    

"ကုသဖို့နည်းလမ်းရှိတာလား" 

မိုရိချန်က မေးလိုက်သည်။

ယွမ်းစွော်က ခေါင်းညိတ်လိုက်ပြီး  ခဏတုံ့ဆိုင်းကာ ပြောလိုက်သည်။ "ဟုတ်တယ် ကျွန်တော်လုပ်ပေးနိုင်တယ်။ ကျွန်တော့်ရဲ့ကျွမ်းကျင်မှုနယ်ပယ်က စနစ်နဲ့ချည်နှောင်ထားတဲ့ elvesတွေအတွက် အထူးသီးသန့်ဖြစ်တဲ့ ဆဲလ်ပြန်လည်တည်ဆောက်ရေးနယ်ပယ် ဖြစ်တာကြောင့် မတူညီတဲ့ အရေးကြီးလက္ခဏာတွေတော့ ရှိတယ်။ ကျွန်တော့်ရဲ့ ကြယ်တာရာတော်ဝင်သွေးလိုင်းကို အခွင့်ကောင်းယူပြီး  အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ ဒီနည်းလမ်းကို ကျွန်တော် ရှာတွေ့ခဲ့တာမို့ ကျွန်တော်က elvesတွေမှာ ရှိတဲ့ ရောဂါအများစုကို ကုသနိုင်ပါတယ်"

မိုရိချန်က အံ့အားသင့်သွားပြီး 

"ကင်ဆာလို ကမ္ဘာ့ပြဿနာမျိုးကျတော့ ဘယ်လိုလဲ"

ယွမ်းစွော်က ပြောလိုက်သည်။ 

"ကျွန်တော် ကင်ဆာရောဂါသည်လူနာ နှစ်ယောက်ကို ကုသပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် လူနာရဲ့ ဆဲလ်ဖွဲ့စည်းပုံပေါ် မူတည်ပြီး မအောင်မြင်တာတွေ ရှိခဲ့ပါတယ်။ တကယ်တော့ ကင်ဆာမပြောနဲ့ဦး တုပ်ကွေးတောင်မှ လူတစ်ယောက်ကို သေစေနိုင်တယ်လေ"

ယွမ်းစွော်က စကားကို ထက်မြက်စွာ ပြောနေတာကို ကြည့်ရင်း သူ့အတွက် အရင်ဂိမ်းထဲကို ဝင်လာကာစက Q ဗားရှင်းနှင့် တွဲကြည့်ဖို့ ခက်နေသည်။ ယွမ်းစွော် ကြီးပြင်းလာပေမယ့် အဲဒီကြယ်ရောင်တွေ ပြည့်နေတဲ့မျက်လုံးတွေကို မြင်လိုက်တာနှင့် ဒီကောင်ချောလေးက သူ့ကို မိုရိချန်လို့ အမြဲခေါ်လေ့ရှိတဲ့ elfလေးဖြစ်ပြီး သူ့ကို အမြဲယုံကြည်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေက သူ့ရဲ့ဒူဒူဖြစ်ကြောင်း ချက်ချင်းသိနိုင်သည်။

ယွမ်းစွော်က မိုရိချန်ရဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲနေတာကို သတိမထားမိဘဲ စကားပြန်စလိုက်သည်။ 

"ဒါပေမယ့် နှစ်တိုင်း သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ တစ်ခုခုပို့ပေးဖို့ ကျွန်တော့်ကို အပ်ခဲ့တဲ့သူက အဘိုးအေဘယ်လ်ဖြစ်နေတယ်။ မေ့သွားပြီး ဘာမှမလုပ်နိုင်မှာ ကြောက်နေတဲ့သူက အဘွားအယ်လ်နီဖြစ်ရမှာ မဟုတ်ဘူးလား" 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now