"မင်းချစ်စရာကောင်းအောင်နေလား
အသက်ကဖြင့် ရွာအနောက်တံခါးကို ခြေလှမ်းနေပြီ ကလေးလိုလို ခွေးလိုလိုတွေကလုပ်တုံး" သိလိုက်ပါပြီး အဲ့ကတည်းက ကျုပ်ကသားအရင်းမဟုတ်မှန်း
ခွပ်ဒေါင်းမှာပြောပြီး အိမ်နောက်ဘေးကို တန်းနေအောင်ပြေးခဲ့လိုက်သည်။ အမနဲ့ဖိုးသားကတော့ ခွပ်ဒေါင်းပြောတာကို တခစ်ခစ်တဟီးဟီးနဲ့ ရီနေပေမဲ့ အဖေကတော့ ကျုပ်ကိုထုဖို့ ရေနွေးကြမ်း ပန်ကန်လုံးကို ကောက်ကိုင်နေပြီလေ အပြေးမြန်လို့ပေါ့
" ဒီနေ့အိမ်မှာဘဲ နေပြီး စာရင်းတွေစစ်ထားလိုက်တော့ ငါဘဲ ပွဲရုံသွားလိုက်တော့မယ်
"ဟုတ်ဟုတ်
"ဟိုကောင်ကိုလဲသေချာပြောလိုက်အုံး ကျောင်းသွားဖို့ကို
"အင်းပါအဖေရဲ့
ဖိုးသားလေးရဲ့လက်ကိုဆွဲပြီးထွက်သွားတဲ့ အဖေကိုကြည့်ပြီး နှင်းသွေးပြုံးမိသည်။ အသက်၅၀ကျော်နေပြီဖြစ်တဲ့ အဖေက အခုချိန်ထိ သန်တုံးမြန်တုံးအရာရာကိုလဲ သူကိုယ်တိုင်လုပ်ရမှကျေနပ်တာ မဟုတ်ရင်တော့ စိတ်တိုင်းမကျဘူးတဲ့လေ
____&&&&___&&&
"ကိုဟန် အခုထိမပြောပြရသေးဘူးနော်
ဟန်သိရဲ့နဲ့မသိချင်ယောင်ဆောင်ပြီးတော့ပြန်မေးလိုက်တယ်
"ဘာကိုလဲ ကာရန်ရဲ့
"ကိုဟန် သိပါတယ် ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာရတာလဲ
နွေဦးမေးတော့ ကိုဟန်က ပြုံးပြီးတော့ ဖုန်သုတ်နေတဲ့ အဝတ်ကိုချပြီးတော့ နွေဦးဆီကိုလျောက်လာတယ်
" ကိုယ်ပြောပြီးပြီလေကွာ ကိုယ်ကဒီရွာလေးမှာဆေးလာကုရင် တာပါလို့ တိုက်ဆိုင်ပြီးတော့ ကာရန်တွေ့တာကတော့ ကံလို့ဘဲ ပြောရမှာပေါ့
" တိုက်ဆိုင်တာကြီးကအရမ်းမထူးဆန်းနေဘူးလား ပြီးတော့ ကိုဟန် အမြဲဆေးလိုက်ကုရင် တောင်ပေါ်ဝေးလန်းတဲ့ဒေသတွေစီကိုသွားကုသတာလေ အခုက
"အခု ကိုယ်စိတ်ပြောင်းသွားလို့လေ ကာရန်က ကိုယ့်ကို ဒီရွာမှာဆေးမကုစေချင်ဘူးလား
အပိုင်း(24)Un Zaw
Start from the beginning