အပိုင်း(24)Un Zaw

Start from the beginning
                                    

"သူထက်ငယ်တဲ့ ဖိုးသားလေးတောင်နိူးနေပြီး ဒင်းကအခုချိန်ထိ မနိူးသေးဘူး သွားနိူးသွား

နှင်းသွေးလဲ ဘာပြန်ပြောမနေတော့ဘဲ အဖေစိတ်တိုင်းကျသွားနိူးပေးလိုက်တော့တယ်  မဟုတ်ရင်ပြောလို့ပြီးမှမဟုတ်

"ဘိုးဘိုး ဦးဦးခွပ်ဒေါင်းက ပျင်းကြီးတယ်နော်

မနက်စောစောစီးစီး ကျောင်းမသွားရတာတောင်သမီးဖြစ်သူလိမ်းပေးထာတဲ့ သနပ်ခါး အဖွေးစားနဲ့ ပေါင်ပေါ်တက်ပြီး တိုင်ပြောထူနေတဲ့ ကောင်ငယ်လေး

"အပျင်းကြီးတဲ့ လူကိုဘာလုပ်ရင်ကောင်းမလဲ

"ရိုက်

"ဘယ်ကောင်လဲကွ ငါကိုရိုက်ခိုင်းတာ

ခွပ်ဒေါင်းပုဆိုးကိုခါယမ်းပြီးတော့ အဖေနဲ့ ဖိုးသားလေးထိုင်နေတဲ့ ကျစ်ပစ်ပေါ်လှဲချလိုက်ပြီးဖိုးသားလေးနဲ့ ခြေထောက်ကို လှမ်းဆွဲပြီးစလိုက်တယ်

"သားသား ဟုတ်ဘူး

သားသားဟုတ်ဘူးဆိုပြီးအဖေရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး ခွပ်ဒေါင်းကို ပုန်းနေတဲ့ ကလေးပေါက်စ

"ဟေ့ကောင်မင်းကလေးကို လိုက်စမနေနဲ့ မင်းကိုဆရာတွေဘုရားက ညနေသူကျောင်းကိုလာခဲ့တဲ့မလာရင် ကြိမ်လုံးစာတဲ့

"ရိုက်ခံရတော့မယ် ဟီးဟီး

အဖေရင်ခွင်ထဲကနေ ခွပ်ဒေါင်းကိုလျှာထုတ်ပြောင်ပြနေတဲ့ဖိုးသာ ခွပ်ဒေါင်းမှာတော့ အဖေဆီကစကားကိုကြားပြီး ဖင်တောင်ကြိမ်းပြီးတယ်

" အဖေ !

"အဖေ ဆရာတော်ဘုရားကိုမဟုတ်တာတွေ သွားတိုင်ပြန်ပြီးလား

"ငါမဟုတ်တာတစ်ခုမှမပြောဘူး ဆွမ်းလောင်းရင်း ဆရာတော်ကမင်းကိုသူဆီလာခဲ့ပါလို့ပြောလို့ငါကပြန်ပြောတာ

" အဖေဆွမ်းလောင်းတယ်ဆိုကတည်းက အဖေ ကျုပ်ကိုတိုင်မယ်ဆိုတာ သိပြီးသား

"အဖေတို့များ သားလေးတစ်ယောက်ရှိတာကို  နည်းနည်းလေးမှ မချစ်ဘူး

မျက်နှာကြီးဆူပုတ်ပြီးငိုတော့မဲ့အတိုင်းပြောတဲ့အကောင်ရဲ့ ပေါင်ကို ခြေထောက်နဲ့ လှမ်းကန်ပါလိုက်တယ် ဒင်းက လည်တော့ မထိမိဘူး

ဒေါင်းWhere stories live. Discover now