" ကဲသားတို့သမီးတို့ အခုဆရာက ပုံဆွဲပြမယ်သားတို့သမီးတို့ကဆရာဆွဲတဲ့ပုံကို ဘာပုံလဲဆိုပြီခန့်မှန်းရမယ် ဘယ်လိုလဲ စိတ်ဝင်စားကြလား
"စိတ်ဝင်စားပါတယ်ဗျ/ရှင့်
"အဲ့တာဆိုဆရာပုံဆွဲပြီနော် ဘာပုံလေးဖြစ်မလဲဆိုတာကိုသေချာလိုက်ကြည့်ထားနော်။
"ဟုတ်
နွေဦးပုံဆွဲတာအများကြီးမတော်ပေမဲ့ ကလေးတွေ ဘာပုံလဲဆိုတာကို ခန့်မှန်းလို့ရအောင် နွေဦးအတက်နိုင်ဆုံးတူအောင်ကြိုးစားဆွဲလိုက်၏
"ကဲ ဒါပုံလေးလဲ
ကလေးတွေနွေဦးပုံကိုသေချာစိုက်ကြည့်ပြီးတော့ ထအော်ကျတော့သည်။
"ကြက်
"ငှက်
"ကြက်
"ဘဲ ! ဘဲ
ကလေးတွေကတစ်ယောက်တစ်ခွန်းထအော်ကျတော့ အသံတွေကဆူညံသွားတော့သည်။
စာသင်တဲ့အခန်းတွေက တစ်ခန်းရဲ့တစ်ခန်း အရမ်းကြီးမဝေးတာကြောင့် နွေဦးတို့ဘက်ဆူညံနေရင် တခြားခန်းတွေက စာသင်လို့ရတော့မှာ မဟုတ်တာကြောင့် ကလေးတွေကို တိတ်တိတ်နေဖို့ နွေဦး နူတ်ခမ်းပေါ် လက်ညိုးလေးတင်ပြီး။ ရှူးလို့ လုပ်လိုက်ရသည်။
"သားတို့အကျယ်ကြီးမအော်ရဘူးလေ သားတို့အဲ့လိုအော်တော့ ဘေးခန်းမှာ စာသင်နေတဲ့ ကိုကိုမမတွေက သားတို့အသံတွေကြောင့်သူတို့စာလုပ်လို့မရတော့ဘူးလေ
နွေဦးပြောတော့ ကလေးတွေက မျက်လုံးလေး တွေအပြုံးသားနဲ့ ကိုယ်ပါးစပ်ကိုလက်ကလေးတွေနဲ့ အုပ်ထားကြလျက်
နွေဦးတဘောတကျပြုံးလိုက်၏
"ဆရာကတစ်တန်းချင်းမေးမယ်နော်သားတို့သမီးတို့က ကိုယ်အဖြေကိုယ် သူငယ်ချင်း တွေရဲ့အဖြေနဲ့ တိုက်ထားကြဟုတ်ပြီးလား
" ကဲနောက်ဆုံးတန်းက သမီးလေးတို့ထပါအုံး
နွေဦးပြောတော့ကလေးသုံးယောက်ကတွေ လက်ကလေးပိုက်ပြီး ထလာကြသည်
"အခုဆရာကျောင်သင်ပုန်းပေါ်မှာ ဘာကောင်လေးဆွဲထားလဲပြောပါအုံး
