အခန်း ၇၀

Start from the beginning
                                    

"ကောင်းပြီ ဒီလောက်ဆို မနက်ခင်းဆော့တာ လုံလောက်ပြီ။ ငါ အပေါ်ထပ်တက်ပြီး အနားယူလိုက်ဦးမယ်။ နေ့လည်စာစားပြီးရင် ပြန်စကြမယ်" မေမေမိုက ခြေလှမ်းသွက်သွက်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။

မိုရိချန်က သူ့အိတ်ကပ်ထဲမှ ယွမ်၁၀၀၀၀၀တန် ချက်လက်မှတ်ကို ယူကာ အိမ်တော်ထိန်းဆီ ကမ်းပေးလိုက်သည်။

"ဒုတိယသခင်လေး မင်း...ကျွန်တော်က အခု ယွမ်၁၀၀၀၀အောက်ပဲ ဆုံးရှုံးခဲ့တာပါ။ ဒီလောက် အများကြီးပေးစရာမလိုပါဘူး" အိမ်တော်ထိန်းက ငြင်းလိုက်သည်။

မိုရိချန်က ပြောလိုက်သည်။ 

"ကျွန်တော်က ဦးလေးရဲ့ ရှုံးသွားတဲ့ငွေတွေကို ကာမိအောင် ပေးတာမဟုတ်ပါဘူး။ နှစ်ကုန်ပြီဖြစ်တာကြောင့် ဒီငွေက ဒီနှစ်အတွက် ဦးလေးရဲ့ ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်တဲ့အရာပါ"

"ဒါက..."

ဘေးကကြည့်နေတဲ့ မိုရိရှုက တောက်ပနေတဲ့မျက်လုံးတွေနဲ့ ပြောလိုက်သည်။ 

"ဒါကိုယူလိုက်ပါ။ ကျွန်တော်တို့က အိမ်မှာ အမြဲတမ်းမရှိတော့ ဒီမိသားစုကို ထိန်းသိမ်းပေးခဲ့တဲ့ ဦးလေးရဲ့ဂရုစိုက်မှုကို ကျေးဇူးတင်လို့ပါ"

ယဉ်ကျေးစွာ ငြင်းဆိုနေခြင်းထက် ချိုသာစွာ လက်ခံလိုက်ခြင်းက ပိုကောင်းတာကြောင့် အိမ်တော်ထိန်းက လေးနက်စွာ ကျေးဇူးတင်ကြောင်းပြောပြီးနောက် ငွေကို လက်ခံလိုက်သည်။

သူထွက်သွားတော့ မိုရိရှုက မိုရိချန်ဆီ အမြန်သွားလိုက်သည်။

"ဒုတိယအစ်ကို ကျွန်တော့်ဟာက ဘယ်မှာလဲ"

မိုရိချန်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းဟာက ဘာမို့လို့လဲ"

မိုရိရှုက သူ့လက်ချောင်းသုံးချောင်းကို လိမ်လိုက်ပြီး 

"ခုနကပဲ အစ်ကို အိမ်တော်ထိန်းကို ပေးလိုက်တဲ့ဟာလေ။ အခုလေးတင် ကျွန်တော်က မရီးကို မေမေ့ဆီက မျက်နှာသာရအောင် ကူညီပေးခဲ့ရလို့ ကျွန်တော်လည်း အများကြီး ဆုံးရှုံးခဲ့တာလေ။ ဒါကြောင့် ကျွန်တော့်မှာလည်း အကြွေးတွေ မျှဝေဖို့ ရှိနေတယ်!"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now