P-1
"ပထမနှစ်တွေ အကုန် ဟောခန်းမှာ
စုမယ်နော် ''
စီနီယာအစ်ကိုကြီးရဲ့ပြောသံကြောင့်
ကျောင်းဝန်းထဲက ဟိုဟိုဒီဒီ
သွားလာနေကြသောကျောင်းသား
ကျာင်းသူတွေထဲကပထမနှစ်ဟု
ထင်ရသည့် ကလေးတွေက သူ့အဖွ့ဲနဲ့သူ ဟောခန်းဘက်ကို ဦးတည်ကာ
သွားနေကြသည်
"ဟျောင့် ဓန သွားမယ်လေ
ဘာလုပ်နေတာလဲ''
"တော်ပီကွာ မတက်ချင်ဘူး''
"ဟာ မတက်လို့မရဘူးလေ ပထမဆုံး
တက်တဲ့ရက်မှာ ပျက်ရင် မင်းကို
စီနီယာတွေစိတ်ဆိုးလိမ့်မယ်နော်''
"ဆိုးလဲနေကွာ မတက်ချင်ဘူး''
"လာပါ ဓနရာ ဒီနေ့တစ်ရက်ဘဲလေကွာ
နော် နောက်ရက်ကျရင်မင်းလစ်ချင်တဲ့
အချိန်လစ် ''
"မတက်ပါဘူးဆိုကွာ''
"လာပါကွာ နောက်ရက်မင်းသွားတဲ့
နောက် ငါအဖော်လိုက်ပေးမယ်''
"သေချာလား''
"အွန် ကတိကွာ''
"ပီးရော ပီးမှ မင်းမားမားကြီးက
မလိုက်ခိုင်းဘူး အိမ်စောင့်ရမယ်တွေဘာတွေမကြားချင်ဘူးနော်''
"အေးပါကွာ လာသွားကြမယ် ငါတို့ဘဲ
ကျန်တယ်''
"အွန်''
"အွန်မနေနဲ့ မင်းဖင်ကို ကြွအုန်း
မြန်မြန်လာ''
စိတ်မရှည်တော့ဘဲ ဓနရဲ့လက်ကိုဆွဲကာ ဟောခန်းဘက်ကိုဦးတည်ကာပြေး
ရတော့သည်
XXXXXXXXXXXXXXXXXXXXXXXXXXX
"အားလုံးဘဲမင်္ဂလာပါနော် ပထမနှစ်က ကလေးတွေ အစ်ကိုတို့က တတိယနှစ်က စီနီယာတွေပါ ဒီနှစ် မင်းတို့ပထမနှစ်ကို
ဘေးကနေကူပေးရမယ့်အဖွ့ဲပါ မသိတာရှိရင်လာမေးလို့ရပါတယ် အစ်ကိုတို့ကို
ကြောက်စရာမလိုဘူးနော် ရင်းရင်းနှီးနှီးဆက်ဆံလို့ရပါတယ် အစ်ကို့နာမည်က မိုးယံပါ''
အရှေ့ကစီနီယာစကားပြောနေတုန်းဘေးကနေလက်တို့လာတဲ့ ဗညား
"ဟျောင့် ဓန''
"ဘာလဲ''
"ငါတို့ကံဆိုးတာလားမသိဘူး စီနီယာ
မမတွေပါမယ်ထင်တာ အခုကျတော့
အကုန်ယောကျာ်းတွေချည်းဘဲ''
YOU ARE READING
ခွဲပြလို့ရရင် ဒီရင်အနက်ရိုင်းဆုံးကို ခွဲပြချင်သည်။
Fanfictionဒီ ficလေးက semeက uke ထက်အသက် ငယ်တဲ့Typeမျိုးပါ နွေဦး + ဓနမဟာ (main chapter) နွေဘုန်းယံ+ဒေးဗစ်(support couple) ဖြိုးအိမ်ငယ်+ဘုန်းခန့်ရှိန်(side couple )
