အပိုင်း(၃)

Start from the beginning
                                    

ရှင်း၏ ရုံးခန်းထဲမဝင်ခင် အင်္ဂျီကိုဆွဲဆန့်ကာ ကြက်သွေးရောင် necktileကို တစ်ချက်မတင်လိုက်သည်။ကိုယ်ကသဘောကျနေသူမို့ ရှင်းရှေ့တွင် သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုသည်။

"ကိုယ် ဝင်လာပြီနော် ရှင်း"

ရုံးခန်းတံခါးကိုဖွင့်ကာ တံခါးအတွင်းကို လက်ဆစ်ဖြင့် သုံးချက်ခေါက်ရင်း အသံပေးလိုက်သည်။ရှင်းက တစ်ခုခုကိုတွေးတောနေဟန်တူသည်။မျက်လုံးနက်နက်များကို စုကြုံထားပြီး သွားဖွေးဖွေးလေးများကလည်း အောက်နှုတ်ခမ်းကိုဖွဖွကိုက်ထားသေးသည်။

သူဒုတိယအကြိမ် တံခါးကိုခေါက်လိုက်တော့မှ ရှင်းက မျက်လုံးလေးလှန်ကြည့်ကာ

"ဝင်လာလေဟန် မနက်ဖြန်မှရောက်မယ်တောင်ထင်တာ"

"မနက်ဖြန်မှရောက်ရင်တော့ ဘယ်ဖြစ်မလဲ ဒီနေ့တော့meeting တက်မယ်စိတ်ကူးထားတာ ထုံးစံတိုင်းနောက်ကျပြန်ပြီ"

"ရပါတယ် flightကိုတော့ သွားပြောလို့မရဘူးလေ"

ရယ်မောကာ ပြောလာသော ရှင်းမျက်နှာသည် ပကတိကြည်လင်နေသည်။ရှင်းတစ်ခါရယ်လိုက်တိုင်း ပေါ်လာသည့် သွားတန်းညီညီဖွေးဖွေးနှင့် မနီမစိုနှုတ်ခမ်းလေးက ပနံ့သင့်လှသည်။

"ဒါနဲ့ ရောင်းအားတွေဘယ်လိုရှိလဲ"

အလုပ်ကိစ္စစပြောတော့မည်မို့ ရှင်းကရှေ့ကျနေသော ဆံပင်တို့ကိုနောက်သို့သပ်ကာ

"ဒီရက်ပိုင်းက ဆောက်လုပ်ရေးရာသီဆိုတော့ ရောင်းအားက plusတွေပဲ အရင်ကထက်orderတွေများလာလို့ လက်မလည်အောင်ဘဲ တစ်ခါတစ်လေ ဆိုင်ခွဲတွေကပစ္စည်းတွေနည်းနေတဲ့ချိန် orderတင်ဖို့မေ့လို့ တစ်ခြားဆိုင်ခွဲတွေဆီ ညွှန်လိုက်ရတဲ့အခါတွေတောင်ရှိတယ်"

"serviceပိုင်းမှာကလည်း အရင်ကထက်လူပိုလိုလာတယ် cilentတွေကများပြီး staffတွေကနည်းနေတော့ staffတွေပင်ပန်းတာပေါ့ ပြီးတော့ cilentတစ်ယောက်နဲ့တစ်ယောက်ဆီ သွားရတဲ့ ကုန်ကျစရိတ်တို့ ကားတွေပိတ်လို့ တစ်နေရာနဲ့တစ်နေရာကြားမှာ အချိန်တွေဟာနေတာလည်းရှိတာပေါ့"

ဂရုတစိုက်ပြောလာသော ရှင်း၏အကွက်စေ့အကြောင်းအရာများကို တစ်လေးတစ်စားနားထောင်ကာ

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now