အပိုင်း(၃)

Start from the beginning
                                    

Akariyaရှေ့ ကားရပ်လိုက်သည်နှင့် အသင့်လာကြိုနေသော လက်ထောက်ဖြစ်သူ ထက်ပိုင် က သူ့laguageကို လာကူဆွဲသည်။

"meeting ဘယ်ချိန်ပြီးသွားတာလဲ ထက်ပိုင်"

"လွန်ခဲ့တဲ့၂နာရီလောက်ကပါ ကိုယ်စားလှယ် han"

သူတို့စကားတပြောပြောဖြင့် ဓာတ်လှေကားထဲသို့ လျှောက်လာကြသည်။လမ်းတစ်လျောက် ခေါင်းညှိမ့်နှုတ်ဆတ်လာသော ဝန်ထမ်းတို့ကို အကြည့်ဖြင့်အသိအမှတ်ပြုရင်းပေါ့

"သွယ်CEO ရုံးမှာရှိပါသေးတယ် ကိုယ်စားလှယ်han"

မမေးဘဲ ပြောလာသော လက်ထောက်ဖြစ်သူကြောင့် ဘာရယ်မဟုတ် သူ့လက်ချောင်းထိပ်အချင်းချင်း ပွတ်တိုက်နေမိသည်။

"မင်းကို မေးမိလို့လား"

"ဟို ကိုယ်စားလှယ်han က Akariyaမှာ meeting လာတက်တာနဲ့ သွယ်CEOကိုပဲ အရင်စရှာတာဆိုတော့ သိချင်မလားလို့ပါ"

ရီစပ်စပ်ပြောလာသော လက်ထောက်ဖြစ်သူကို ဘာမှပြန်မပြောဘဲ သူ့ဘာသာသူရှက်နေမိသည်။သူပြောသည်ကလည်း မှန်နေသည်ကိုး။ တစ်ခြား shareဝင်များနှင့် စကားသိပ်မပြောဖြစ်ဘဲ လုပ်ငန်း နှစ်ပတ်လည်ပွဲတွေ dinnerလောက်မှသာ ပြောတယ်ဆိုရုံလေးပြောဖြစ်သည်။

စုCEOက project ပူးပေါင်းရေးကိုသာ အဓိက ဦးစီးသည်မို့ သိပ်အဆက်အသွယ်မရှိ။လုပ်ငန်းကိစ္စဆိုလျှင် ရှင်း နှင့်သာ အများဆုံးဆွေးနွေးဖြစ်သည်။

"မင်းက hotelမှာ သွားနားလို့ရပြီ fileတွေ ငါ့ဆီလွဲခဲ့ lugageပါ တစ်ခါတည်း hotel ယူသွားပေး"

"ဟုတ်ကဲ့ပါ ကိုယ်စားလှယ် han သွယ်CEOနဲ့ ကောင်းကောင်းအချိန်ဖြုန်းလို့ရအောင် ကျွန်တော်ရှောင်ပေးပါ့မယ် "

"အလုပ်ကိစ္စပြောမှာကွ"

"ကျွန်တော်ကလည်း အလုပ်ကိစ္စပြောတာပါဗျ ခုတော့ခွင့်ပြုပါအုံး"

ပြောချင်တာပြောပြီး သူ့ထံဖိုင်တွဲတွေထိုးပေးကာ lugageကိုဆွဲသွားသော လက်ထောက်ဖြစ်သူကြောင့် သူ့ကိုဘယ်သူမှကြည့်မနေပါဘဲ အရှက်ပြေနားထင်သို့လက်ညှိုးဖြင့် ကုတ်နေမိသည်။အမှန်တွေဆိုသော်လည်း ကြားရတာတစ်မျိုးပင်။

သံသရာစက်ဝန်း(Season 2)(ongoing)Where stories live. Discover now