အပိုင်း(20)Un Zaw

Start from the beginning
                                    

ဟန်အမေကိုဘက်နေရင်းကနေ တစ်ယောက်သောသူကိုသတိရမိတယ် ဟန်ရောက်နေတာကြာပြီအခုထိ ထွက်မလာသေးဘူး ဘယ်များသွားနေပါလိမ့် အရင်ဟန်ပြန်လာရင် ပထမဦးဆုံး ထွက်ကြိုတက်တဲ့ ကောင်ငယ်လေးကအခုဘယ်များသွားနေပါလိမ့် ဟန်သိချင်တာကြောင့်အမေကိုမေးဖို့ပြင်လိုက်တယ်

"ဒါမဲ့ အမေ ကာရန်ကိုလဲမတွေ့ပါလား ဘယ်သွားတာလဲ

သားအမေးကို ဒေါ်နန်ဒေဝီမျက်နှာပြတ်သွားပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်ပြီး

"သူအပြင်သွားတယ် ငါသားခရီးကပြန်လာတာပင်‌ပန်းရောပေါ့ သွားနားတော့သွား

ဟန်လဲအမေပြောတာကိုခေါင်းညိမ့်ပြလိုက်ပြီး ဟန်အခန်းဆီဟန်ထွက်လာခဲ့လိုက်တယ်။

__&& __&&___&&__&&&

"ဆရာလေးရယ်နေကပူပါတယ်ဆို ဘာလို့ လိုက်လာရတာလဲ ဗျာ

" အိမ်မှာနေရတာပျင်းလို့ပါ ပြီးတော့လုပ်စရာလဲမရှိဘူးလေ

"ဆရာလေးနဲ့တော့ ခက်တော့တာဘဲ အမေကဘာလို့ခေါ်လာရတာလဲ ဗျာ

"ငါတူကြီးကလိုက်ချင်တယ်ဆိုလို့ခေါ်လာတာလေ တော်

" ဆရာလေးမှ ဒီလိုဟာတွေမလုပ်ဘူးတာ
အမေရာ  ဆရာလေးပြန်လိုက်ပါတော့

"ဘာမဖြစ်ပါဘူးဒီလောက်တော့ အကိုလုပ်နိုင်ပါတယ်

ကျောက်ခဲပြောမရတာနဲ့ လွတ်သာထားလိုက်တော့တယ်

နွေဦီးကျောင်းပိတ်ရက်မလို့ အိမ်မှာ ပျင်းနေတာနေတာနဲ့ ဒေါ်လေး အေးကြည်ရဲ့ ပဲဖော်ကိုလိုက်လာတာဖြစ်သည် ။

အစကနွေဦးထင်တာက ပဲပင်တွေကိုမြေကြီးထဲကနေ နူတ်ပြီးတော့ အရိပ်မှာထိုင်ဆွတ်ရမယ်‌လို့ထင်တာ အခုတော့ နွေဦးအတွေးနဲ့တလွဲစီပါအခုက မြေပဲတွေကို ကိုယ်ဘာသာကိုယ်တခါထဲနူတ်ပြီးတော့ဆွတ်ရတာဖြစ်သည် ။

ဘာအမိုးအကာမှမရှိတဲ့ လွင်ပြင်ထီးထီးကြီးထဲမှာ ဖင်ကိုဒရွတ်တိုက်ဆွဲပြီး ပဲရဖို့အရေး သူထက်ငါအပြိုင် ကိုယ်အကြောင်းမှာရှိတဲ့ ပဲပင်တွေကို နူတ်ပြီး အပြိုင်ဆွတ်နေကြသည်။

ဒေါင်းWhere stories live. Discover now