part.18(unicode&zawgyi)

Start from the beginning
                                    

" ပီ​ကေထက်​မင်းရဲ့နူတ်​ခမ်း​တွေကပိုအရသာရှိတယ်​..... "

ဘုရား​ရေ ဒီလူဘယ်​လို​တောင်​​ပြော​နေတာလဲ....။

အသင်​စိတ်​ထဲက​နေဘုရားတလိုက်​မိ​ပေမဲ့သူက​တော့
ပီ​ကေကိုစိမ်​​ပြေန​ပြေဆက်​ဝါးပြသည်။

" ကဲ...အခု​ပြောလို့ရပြီလားကိုယ့်ဆီအကူညီ​တောင်းမယ်​ဆိုတဲ့
ကိစ္စ... "

အသင်​ထိုအခါမှ...ကိုယ့်ကိစ္စကိုယ်​သတိရသွားကာ
မျက်​နှာကိူအနည်းငယ်​​လျော့လိုက်​သည်​။

ကိုယ်​ကအကူညီ​တောင်းရမည့်သူမဟုတ်​လား.....။

"ဟို..အဲ့ဒါက..ဒီလိုပါ.."

ချက်​ချင်းပင်​..သူမက..မျက်​နှာ​ပြောင်းသွားကာ
အစချီသည်​။​နေ..သူမကိုလွတ်​လိုက်​ကာ..လက်​
ပိုက်​လိုက်​ရင်း..​ပြောဆိုသည့်သ​ဘောနှင့်..​မေးဆတ်​
ပြလိုက်​သည်​။သူမက..​နေ့ကိုမဝံ့မရဲဟန်​​လေးနှင့်
ကြည့်ကာ...

"ဒီလိုပါ..အသင်​တို့..ဂျာနယ်​တိုက်​က..မကြာခင်​
နှစ်​ပါတ်​လည်​အတွက်​..အထူးထုတ်​..ထုတ်​​ဝေ​တော့မှာ
အဲ့ဒါ..အဲ့ဒီအထူးထုတ်​အတွက်​..အဓိကဏ္ဍဏ
အ​နေနဲ့..ရှင့်ရဲ့အင်​တာဗျူးကို..ထည့်ချင်​လို့ပါ..
ရှင်​..အသင်​တို့..ဂျာနယ်​တိုက်​ကို..အင်​တာဗျူးခွင့်
​ပေး..​ပေးနိုင်​မလား.."

သူမအကူအညီ​တောင်းမည်​ဆိုကထဲက..ဒီကိစ္စ
ဖြစ်​မည်​မှန်း..​နေသိပြီးသား..New Starက...
ခုရက်​ပိုင်းမှာ..​နေ..နဲ့အင်​တာဗျူးခွင့်ရဖို့...အထပ်​ထပ်​
ဆက်​သွယ်​​နေခဲ့တာကို..​နေသိထားသည်​။

"မင်းတို့..ဂျာနယ်​တိုက်​ရဲ့အင်​တာဗျူးကမ်းလှမ်းမူ့ကို
ကိုယ်​ပယ်​ချခဲ့ပြီးပြီ​လေ..မင်းမသိဘူးလား.."

သူမက..မျက်​နှာ​လေးငယ်​ပြီး..ဘာမှမ​ပြော..​နေ..
လက်​ပိုက်​လျက်​နှင့်..စားပွဲကိုမှီရပ်​လိုက်​ရင်း...။

"မင်းတို့..ဂျာနယ်​တိုက်​မှမဟုတ်​ဘူး..ကိုယ်​....
ဘယ်​ဂျာနယ်​..ဘယ်​မဂ္ဂဇင်းတိုက်​နဲ့မှ..အင်​တာဗျူး
မလုပ်​ခဲ့ဘူး..ကိုယ်​..မီဒီယာသမား​တွေနဲ့..ရူပ်​ရူပ်​
ယှက်​ယှက်​​တွေကို..အမုန်းဆုံးပဲ..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now