အခန်း ၂၂ ရင်တုန်ခြင်း

Start from the beginning
                                    

လူးရှပ်စ်သည် မျက်ခုံးတစ်ဖက်ပင့်တင်မိသွား၏။ အိုမီဂါလေးတွင် သူနှင့်ပတ်သက်ပြီး ခက်ခဲသော အခြေအနေတစ်ရပ်ရှိလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ တွေ့မြင်နေရသော ကောင်ငယ်လေး၏ထိတ်လန့်မှုသည် သူမျှော်လင့်မိခဲ့သည်ထက် အဆများစွာပိုမိုများပြားနေသည်။ ဤကဲ့သို့ အထိတ်တလန့်ဖြင့် သူ့အားရှောင်ရှားချင်နေမှုသည် လူးရှပ်စ်အား မပျော်ရွှင်စေခဲ့ချေ။

လူးရှပ်စ်သည် ဖော်ဖော်ရွေရွေဖြင့် ပြုံးပြလိုက်ပြီး သူ၏ မျက်လုံးများထဲတွင်လည်း လေးနက်သည့်အရိပ်များ ပြည့်နှက်လာသည်။
"ကိုယ်နဲ့မင်းမှာပြောစရာတစ်ခုခုရှိသေးတယ်ထင်တာပဲ"

ဂျူလီယန်သည် မနေ့ညကကိစ္စများကို ပြန်သတိရသွား၏။မခံမရပ်နိုင်စိတ်တိုနေသည့်မျက်နှာလေးပြောင်းသွားပြီး သူ၏ အမူအရာများမှတစ်ဆင့် ရှက်ရွံ့နေသည်ကိုလည်း သိရှိနိုင်ပေသည်။ သူသည် အတော်လေးကို ရှုပ်ထွေးနေသည်ဟုလည်း ခံစားမိလိုက်သည်။

ဂျူလီယန်သည် နှစ်‌ခါလောက် ချောင်းဟန့်လိုက်သည်။
"ဘာကိစ္စမလို့လဲ"

လူးရှပ်စ်၏အကြည့်များသည် အနည်းငယ်နီရဲနေသော အိုမီဂါလေး၏နားရွက်ဖျားများဆီသို့ ရောက်ရှိသွားသည်။ ထို့နောက်သူသည် ဆိတ်ငြိမ်စွာပဲ ပြန်ပြောလိုက်၏။
"ကောင်းပြီ..မနေ့ညကဘာမှမဖြစ်ခဲ့ဘူးလို့ပဲထားလိုက်ပါတော့"

သူ၏အသံ သို့မဟုတ် အပြောအဆိုများတွင် မကျေမနပ်ဖြစ်နေသည်မျိုး လုံးဝမရှိပေ။ ဂျူလီယန်ဆီသို့ ငုံ့ကြည့်လာသည့်အခါတွင် သူ၏မျက်လုံးများထဲ၌ နွေးထွေးမှုများပင် အနည်းငယ်ပါရှိနေသေးသည်။

ဂျူလီယန်သည် အနည်းငယ် မူးနောက်သွားသည်။ လူးရှပ်စ်၏အကြည့်များအောက်တွင် သူ့ခြေထောက်နှစ်ချောင်းလုံး ပျော့ခွေသွား၏။ သူ့စိတ်သည် ကြည်ကြည်လင်လင်ရှိနေဆဲဖြစ်သဖြင့် သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲကို ပိုမိုထင်ရှားစွာပင် ခံစားသိလိုက်ရသည်။

ဒုတ်၊ ဒုတ်၊ ဒုတ် -

သူ၏နှလုံးခုန်နှုန်းများ မြင့်တက်လာပြီး အင်္ကျီအိတ်ကပ်ထဲရှိ ဆေးများကို ထုတ်ယူလိုက်သည်။

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now