အခန်း ၁၄ Trauma

Start from the beginning
                                    

လုံးဝသည်းမခံနိုင်တော့တဲ့အထိဖြစ်လာပြီး တကယ့်ကို ပေါက်ကွဲသွားစေတာကတော့ လူတစ်ယောက်က သူ့အကြောင်းတွေကို ပြင်းပြင်းထန်ထန် ရေးသားပြီး ပုံမှန်လိုလို အမြဲတင်နေခဲ့တုန်းက ဖြစ်သည်။ အဲ့ဒီလူက လျှို့ဝှက်သတင်းဆိုပြီးတော့ သူ့ရဲ့အချစ်ရေး၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေနဲ့ ပတ်သက်ပြီး ကောလဟာလတွေနဲ့ ရက်စက်တဲ့ရေးသားစွပ်စွဲချက်တွေ ရောတိရောရာပါရှိနေတာတွေကို ဖြန့်ဝေနေခြင်းဖြစ်သည်။

အနှောင့်အယှက်ဖြစ်စေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာပေးပို့မှုတွေက ဂျူလီယမ်ရဲ့နေ့စဉ်ဘဝလိုပင် ဖြစ်လာ၏။ နောက်ယောင်ခံလိုက်နေတဲ့သူကိုတော့ ဘယ်တော့မှ မတွေ့ရဘဲ ဂျူလီယမ်နဲ့ မီတာတချို့အကွာလောက်က ဓာတ်ပုံလှမ်းရိုက်ထားတယ်ဆိုရင်တောင်မှ ဘယ်သောအခါမှ ခြေရာလက်ရာမကျန်ခဲ့ဖူးဘူး။ သူ့တစ်ယောက်တည်းပဲသိနိုင်တဲ့ ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်သွားတယ်ဆိုရင်တောင် နောက်နာရီအနည်းငယ်အကြာမှာ အဲ့ဒီလူကလည်း သိရှိသွားပြီး နောက်တော့ အင်တာနက်တစ်ခုလုံးမှာလည်း ပျံ့နှံ့သိရှိသွားကြ၏။

လူတွေက စုံထောက်တွေလိုမျိုး 'ညစ်ညမ်းတဲ့' လျှို့ဝှက်ချက်မှန်သမျှကို အပြင်းအထန် လိုက်လံစုံစမ်းနေခဲ့ကြသေးသည်။ ဒါပေမယ့် အကုန်လုံးကတော့ အဲ့လိုလျှို့ဝှက်ချက်တွေပဲ ဖြစ်နေတာတော့ မဟုတ်ဘူး, အဲ့ဒါတွေက သူနဲ့ပတ်သက်ပြီး ပြောကြားထားပြီးသားဖြစ်တဲ့ အကြောင်းအရာအမှန်တွေလည်း ပါရှိနေ၏။

အဲ့ဒါက နှောင့်ယှက်အနိုင်ကျင့်တာနဲ့တောင် မတူတော့ဘဲ အမှန်တကယ်ကို ကြောက်စရာကောင်းလာ၏။

ဂျူလီယမ်တွေးခဲ့မိတာက နှောင့်ယှက်ခံနေရတာတွေ၊ တခြားသူတွေရဲ့ပြောစကားတွေကြောင့် နာကျင်နေရတာ‌တွေကို သူ့ကိုယ်သူလက်မခံထားဘူးဆိုရင် အခြေအနေတွေကလည်း တကယ်ဖြစ်နေတာ မဟုတ်လောက်တော့ဘူးလို့ပေါ့။

သူကအဲ့ဒီကိစ္စရပ်ကြီးကနေ အချိန်အတော်ကြာ ရှောင်ပြေးနေခဲ့မိပေမယ့်လည်း အဲ့ဒီကြားထဲမှာတောင်မှ တစ်ခါတစ်လေ တအားကို နာကျင်ခံစားမိခဲ့ရသေး၏။

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now