အခန်း ၅ ဖွင့်ပြောမယ်

Start from the beginning
                                    

မန်နေဂျာသည် ဒီသခင်ငယ်‌ေလး၏ မိသားစု  မည်သူ မည်ဝါဖြစ်သည်ကို သူမသိပေ ။  သူသည် မမျှော်လင့်ဘဲ ငွေ‌ေကြးအများကြီး ဖြုန်းပြီး အလကား ဖျော်ဖြေခဲ့သည်။ လူ တစ်ယောက်ကို ဒီလိုနေရာမျိုးမှာ သူ့ပုံပန်းသဏ္ဍာန်ကိုပဲ ကြည့်ပြီးတော့  ဘယ်တော့မှ အကဲမဖြတ်သင့်ပါဘူး။

သူ့က အမှန်ပင် သဘောပေါက်နားလည်သည့့် အသံဖြင့် - "ကျေးဇူးပြုပြီး ခဏလေး   ငါ တစ်ယောက်ယောက်ကို မှာလိုက်ပါအုံးမယ်"

ဂျူလီယမ်သည် ဆိုဖာပေါ်တွင် ခြေနှစ်ဖက်ကို တင်ကာ ထိုင်လိုက်သည် ။ စားပွဲထိုးက ဝိုင်နီကိုဖွင့်ပြီး သူ့ရှေ့မှာ ထားလိုက်သည်  သူက “ဘယ်ချိန်ရှိပြီလဲ ?? " လို့ မေးလိုက်သည်

စားပွဲထိုးက မျက်နှာချိုသွေးပြီးတော့ "မင်း အချိန်ယူရပါတယ် သခင်လေး ၊ စတိတ်စင်ပေါ်တက်ဖို့ နာရီဝက်လောက်လိုပါသေးတယ် "

တစ်ချိန်တည်းမှာပဲ ဂျူလီယမ် က သူနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံ ကို လက်ညှိုးထိုးပြပြီး စားပွဲထိုးကို "ထိုင်ပြီး ငါနဲ့ အတူ သောက်ပေး "

စားပွဲထိုးသည် နာနာခံခံနှင့် ထိုင်လိုက်ပြီး  ခဏမျှ ဝန်လေးနေမိသည် ။ ဒီလိုဖြစ်ရပ်မျိုး ကြုံဖူးတာ တစ်ခါတည်းမှ တော့ မဟုတ်တော့တာ  ထိုင်ပြီးနောက် မလှုပ်မယှက်ဖြစ်တာ ကို ကြည့်ပြီး ဂျူလီယမ်က မျက်လုံးမော့ကာ ကြည့် လိုက်သည်  "သောက်ပါ  အဘိုးကြီးက မင်းကို ဘာမှ ပြောမှာမဟုတ်ဖူး  ငါက မင်းကို အတင်းအကြပ်ပြောခိုင်းလိုက်တယ် လို့ သူ့ကို ပြောလိုက်္မယ် "

တစ်ချိန်တည်းမှာပင် သူက သူ့အတွက် ဝိုင်နီတစ်ခွက် ထည့်ပေးလိုက်၏ ။

စားပွဲထိုးက ဝိုင်နီကို သေချာသောက်လိုက်သည် ။  အကယ်၍ ဂျူလီယမ် က သူ့ကို မတောင်းဆိုခဲ့ဘူးဆိုရင် ဒီဝိုင် နီအမျိုးအစားကို သူ ဒီတစ်သက် သောက်နိုင်မှာမဟုတ်ဖူး !!!

ဂျူလီယမ်က သူဝိုင်သောက်ရင်း စကားပြောလိုက်သည်- "ခုနက ပြောခဲ့တဲ့ အရေးကြီးတဲ့ ဧည့်သည်အဘိုးကြီးက ဘယ်သူ လဲ၊ ကလပ်က ဘာလို့ သူကို ဖိတ်ရတာလဲ "

စားပွဲထိုးက လုံးဝအံ့အားသင့်သွားသည်  တကယ်ပဲ ' Ioan Baume 'ကို မသိတဲ့သူ ရှိသေးတာလား ??!

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now