IV

938 78 5
                                    

A or B?

ဒီလိုအချိန်ဆို ကျွန်တော့် တွက်ချက်နိုင်စွမ်းတွေအတွက် မေးခွန်းတိုင်းက ကျဉ်းမြောင်းသွားတော့တာ။

လက်ထဲ ကိုင်ထားတဲ့ ဘောပင်ကို တတောက်တောက်ခေါက်ရင်း တစ်ထပ်တည်းရှိတဲ့ မျက်ရစ်တွေပျောက်လုမတတ် ကျွန်တော် မျက်မှောင်ကုတ်ထားမိတော့ ဘေးက သက်ပြင်းချသံနဲ့ ဆဲဆိုသံတွေက ဝါးလုံးကွဲ။

"နောက်တစ်ယောက်ကို စဉ်းစားတော့မလား Bible Oh!မင်းတွေးနေတာ ဘယ်လောက်ကြာပြီလဲ..ကြည့်ပါဦး မိုးချုပ်သွားတော့မယ်..ခွေးကောင်ရဲ့"

အဲ့ဒါက ကျောင်းသားသမဂ္ဂမှာရှိတဲ့ ကျွန်တော့်အတွင်းရေးမှူးတစ်ဖြစ်လည်း ကျွန်တော့် သူငယ်ချင်း Nightရဲ့ တွေးမဆုံးတဲ့ ကျွန်တော့်အပေါ် ဆဲဆိုလာခြင်းပါပဲ။ ပြောနေရင်းက လှမ်းကန်လာတဲ့ ခြေထောက်ကို ကျွန်တော်အသာရှောင်လိုက်ပြီး ထုံပေပေနဲ့ ဆက်နေနေလိုက်မိတယ်။

စိတ်မရှည်တော့တဲ့ Nightက မျက်နှာသေနဲ့ ငြိမ်နေတဲ့ ကျွန်တော့်ရှေ့က စာအုပ်ကို ထောက်ပြရင်း..

"မင်းရွေးရခက်နေရင်လည်း ဒီလိုလုပ်ကွာ..ဒီနှစ်အတွက်က ကျောင်းလှုပ်ရှားမှုတွေမှာ ကောင်းကောင်းပါဝင်ကူညီပေးနိုင်မယ့် လူတွေကို အဓိက လိုချင်နေတာမို့..ဒီတစ်ယောက် ပြီးတော့ ဒီတစ်ယောက်..ပြီးတော့ Ayeဆိုတဲ့ တစ်ယောက်ကို ရွေးလိုက်..အိုခေလား?"

မျက်စပစ်လာတဲ့ Nightစကားအဆုံး သူထောက်ပြသွားတဲ့ ဖောင်တွေကို ကျွန်တော်တစ်ချက် ကြည့်လိုက်ပါသေးတယ်။ ချက်ချင်းပဲ ကျွန်တော် ခေါင်းခါပြလိုက်တော့ Nightဆီက ဟာခနဲ ပေါက်ကွဲသံမြည်လာတော့တာ။

သူပြောတာက ဟုတ်ပါတယ်။ ဒါပေမဲ့..။

ကျွန်တော် ထပ်ပြီး မျက်မှောင်ကုတ်လိုက်မိတယ်ထင်တယ်။ အကြီးကြီးပေါက်ကွဲနေတဲ့ ရုပ်နဲ့ Nightက ကျွန်တော့်ကို ဂြိုဟ်ကြည့်ကြည့်လာပြီးတော့ သက်ပြင်းထပ်ချပြန်တယ်။

ကျွန်တော်သူ့အကြည့်ကို ပုတ်ချလိုက်ပြီးတာနဲ့ ဖောင်တွေပြည့်နေတဲ့ စားပွဲပေါ်က တစ်ခုတည်းသော ဖောင်ကို မှုန်ကုပ်ကုပ်နဲ့ ကြည့်နေလိုက်မိတယ်။

"The Cloud 9" Where Is In Your Sick DimpleWhere stories live. Discover now