သူက ‘မှော်နဲ့ဓားနယ်မြေ’ မဟုတ်တဲ့နေရာမှာဆိုရင် ဖန်ဆင်းရှင်နတ်ဘုရားလို စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်တဲ့။ ရဲ့ဝူဟွားကို ပြန်တွေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် သူ့ကိုလည်း ပြန်လည်ကူးပြောင်းနိုင်အောင် ကူညီပေးလောက်တယ်။ ကမ္ဘာမြေပေါ်မှာဆိုရင် သူက ကမ္ဘာတစ်ခုလုံးကို ဖန်တီးခြယ်လှယ်နိုင်တဲ့ စွမ်းအားမျိုးရှိနေတာဆိုတော့ ‘မှော်နဲ့ဓားနယ်မြေ’ရဲ့ ဇာတ်ကြောင်းတွေကို သူ့အတွေးအတိုင်း ချရေးလိုက်ရုံပဲမဟုတ်ဘူးလား..?

ထိုသို့စဉ်းစားပြီးနောက် ရွှယ်ယို့ရှန်းက Keyboard ပေါ် လက်အသာတင်ပြီး စတင်ရေးသားရန် ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့ တစ်စက္ကန့်အတွင်း လက်ကို ထိတ်ထိတ်ပျာပျာ ပြန်ရုတ်သိမ်းလိုက်ပြန်တယ်။

သူ့အထင်သာ မှန်နေမယ်ဆိုရင် သူရေးသမျှက ဟိုဘက်ကမ္ဘာမှာ ဖြစ်ပျက်နေမှာမလား။ ဝိဉာဉ်ကူးပြောင်းသွားတဲ့ နေ့ရက်တွေကို ဘယ်လိုမျိုးရေးရမှာလဲ..?

လက်ရှိရေးထားတာကလည်း သူ့ရဲ့ဝိဉာဉ်မကူးပြောင်းခင် အချိန်ကာလမှာဆိုတော့ မူလအတွေးအတိုင်း ဆက်ရေးသင့်လား..? ဒါမှမဟုတ် သူ့ရဲ့ဝိဉာဉ်ကူးပြောင်းသွားတုန်းက ဖြစ်ရပ်တွေကို ရေးရမှာလား.? ဒါမှမဟုတ် အခုချိန်မှာ သူဖြစ်ချင်နေတဲ့ သူ့ရဲ့အတွေးတွေကို ထည့်ရေးရမှာလား..?

ဆုံးဖြတ်ချက်မှားသွားရင် အကျိုးဆက်ကတော့ မတွေးဝံ့စရာပဲ..!

‘တစ်ချက်သတိလစ်တာနဲ့ အမှားကြီးမှားသွားနိုင်တယ်’ ဆိုတဲ့ စကားရဲ့ဆိုလိုရင်းကို နားလည်သွားပြီ။ အကျိုးဆက်က Butterfly Effect အတိုင်း မုန်တိုင်းဝင်သလို ဖြစ်သွားလိမ့်မယ်။ အဲ့လိုသာဖြစ်ကုန်ရင် ငိုချိန်တောင် ရလိုက်မှာမဟုတ်ဘူး..!

ရွှယ်ယို့ရှန်းခမျာ စိုးရိမ်စိတ်များစွာနဲ့ Computer Screen ကိုသာ ထိုင်ကြည့်နေမိတယ်။

“ရှောင်ယို့..!”

တွေဝေနေတဲ့အချိန် ရွှယ်ယို့ရှန်းရဲ့ အကြားအာရုံထဲမှာ ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့လေတယ်။ စိတ်ဝိဉာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ခံစား​နေရတဲ့ အသိစိတ်တစ်ခုကြောင့် ရွှယ်ယို့ရှန်းမှာ ထိတ်လန့်သွားရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now