အပိုင်း(18)

En başından başla
                                    

နှစ်ကောင်သားသိပ်စိတ်မဝင်စားရှာဘူး ခွပ်ဒေါင်းဘေး တန်းရောက်ချလာတယ်

" ငါပြောရင် မင်းတို့လန့်မသွားဘူးလို့ ကတိ‌ပေး‌ရင်ပြောပြမယ်

နှစ်ကောင်သားခေါင်းတွေပြုတ်ကြမတက်ညိမ့်ပြနေတဲ့နှစ်ကောင်ကိုကြည့်ပြီးရီချင်မိတယ်
ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ တွေဆိုတော့ ဘယ်အရေးနေ သိချင်ကြတာမဆန်းတော့ပါ

" ငါ ! ငါ ဟိုလူပုစိတ်တိုလေးကို နည်းနည်းစိတ်ဝင်စားတယ်

" ဟင် ဘယ်လူပုစိတ်တိုလဲ

"မင်းတို့ ငါတပည့်ဖြစ်ပြီး တုံးလိုက်တာကွာ

"အာစိနာမည်ပြောမှသိမှာပေါ့

"နွေဦးကာရန်တဲ့

"နွေဦးကာရန် ?

"နွေဦးကာရန်?

"ကျော်ကြီး မင်းအဲ့နာမည်ကြားလား

"မကြားဘူး ဘူး မင်းရော

"ငါလဲမကြားဘူးသေးဘူး တခြားရွာကလားမသိဘူး

ခွပ်ဒေါင်းသေသာသေလိုက်ချင်တယ် ကိုယ်မှာတော့ သူတို့သိတယ်ဆိုပြီးအားတက်သရောပြောလိုက်ရတာ ဒင်းတို့နှစ်ကောင်ကတော့ ခေါင်းကုတ်ပြီးစဉ်းစားနေလေလျက်

" မင်းတို့နှစ်ကောင်းငါတပည့်လို့မပြောစမ်းပါနဲ့ ငါရှက်လွန်းလို့ပါကွာ

"ဟာဘာဖြစ်လို့လဲအာစိရ ကျုပ်တို့မှအာစိပြောတဲ့နာမည်မသိတာ

" မြို့ကနေ စာလာသင်ပေးတဲ့သူကိုတောင်မင်းတို့မသိဘူးလား

"အော် !

"ဟမ်း ဟမ်း ??

"အာစိ တကယ်ကြီးပြောနေတာလား

ကျော်ကြီးနဲ့ငမဲတူး နှစ်ကောင်သား စွအ လျက် ဘယ်လိုဖြစ်ပြီး အာစိက ဆရာလေးကို ကြိုက်သွားရတာလဲ  အာစိကဆရာလေးဆို ဘယ်‌ တော့မှအကောင်းပြောဘူးတာမဟုတ်

ပြီးတော့ အာစိလိုလူက ယောင်္ကျားလေးတစ်ယောက်ကိုကြိုက်တယ် အာစိပြောလို့သာယုံရတာ မဟုတ်ရင်သကြားမင်းဆင်းပြောတောင်မယုံနိုင်ပါ

ကျုပ်တို့က ယောင်္ကျားလေးအချင်းချင်းကြိုက်တာကို အရမ်းကြီးထူးဆန်းမနေပါ ရွာဦးဆရာတော်ရဲ့တူတော်မောင်တောင် ယောင်္ကျားလေးအချင်းချင်းယူထားကြတာလေ အစကတော့ သူတို့နှစ်ယောက်ကို အပျော်စမ်းကြည့်တယ်ဘဲ ထင်ခဲ့ကြတာ  အခုတော့ သူတို့အတူတူပေါင်းသင်းလာတာ 7နှစ်လောက်ရှိနေပြီ  ယောင်္ကျားနဲ့ မိန်းမယူတဲ့သူတောင်ကွဲပြဲ ရန်ဖြစ်စကားများကြပေမဲ့ သူတို့နှစ်ယောက်ကတော့ စကားများရန်ဖြစ်တာမကြာဘူသေး တစ်နှစ်တစ်ခါရွာပြန်လာပြီးလဲ နှစ်ယောက်အတူတူ ကုသိုလ်ကောင်းမူတွေလုပ်ကြသည်။

ဒေါင်းHikayelerin yaşadığı yer. Şimdi keşfedin