အပိုင်း(18)

Start from the beginning
                                    

" အာစိဘာဖြစ်တာလဲ ဘယ်ကောင်ကအာစိကို ဘာလုပ်လိုက်လို့လဲ

ကျော်ကြီးပြောတာကို ဘာမှပြန်မဖြေဘဲ ထန်းရည်တွေကြည့်ဇွတ်သောက်နေတာကြောင့် ပိုပြီးတော့သိချင်သွားသည်။

" အဖေကငါကို မိန်းမပေးစားမလို့တဲ့

" အဲ့တာကောင်းတာပေါ့ အာစိရာ

"လီးကို ကောင်းရမှာလားကွ ငါအခုမှ ကလေးရှိသေးတာ မိန်းမယူစရာလား

ပါးစပ်ကသာ ကလေးရှိ သေးတယ်လို့ ပြောတာ အောက်ကဟာကဖြင့် အမြှောက်လောက်ရှိနေပြီ

" ဒါနဲ့ အာစိအဖေက ဘယ်သူနဲ့ပေးစားတာလဲ

ကျော်ကြီးအမေးကို စိတ်ပြတ်ဆိုနဲ့ ပြန်ဖြေလိုက်တော့ နှစ်ကောင်သား ပါးစပ်အဟောင်းသား

"ဟင်

"ဟုတ်တယ် ငါကိုနံ့သာနဲ့ ပေးစားနေတာ ငါမှနံ့သာကိုမကြိုက်တာကွာ

"ဒါဆို အာစိကဘယ်သူကိုကြိုက်တာလဲ

ငမဲတူးအမေးကိုခွပ်ဒေါင်းပြန်မဖြေနိုင်ပါ ဒါပေမဲ့ နံ့သာကိုတော့ မကြိုက်ဘူး နံ့သာဆီမှာ ကျုပ်အရမ်းသဘောကျရတဲ့ အစွယ်တွေမရှိဘူး နံ့သာကိုသူများတွေလှတယ်လို့ ပြောပေမဲ့ ကျုပ်မျက်လုံးထဲတော့ လှတယ်လို့လဲ  မမြင်ပါ

ကျုပ်စိတ်ထဲမှလှတယ် လို့တွေးမိတဲ့သူ ဟိုလူပုစိတ်တိုဘဲရှိတယ် သူမှ ကျုပ်လိုချင်တဲ့ အစွယ်တွေရှိတယ် တခြားသူမှ အဲ့လိုအစွယ်တွေရှိရင်တောင် ကျုပ် အဲ့လောက်သဘောကျမယ်မထင် ဒီလူကိုကျမှ အရမ်းသဘောကျမိတာ ခက်တာကအဲ့လူက မိန်းကလေးမဟုတ်

မိန်းကလေးသာဆိုရင် ကျုပ်နှစ်ခါတောင်မစဉ်းစားဘဲ သွားတောင်းပစ်မှာ အိမ်ကလူတွေကမပေးစားဘူးဆိုရင်လဲ ခိုးပြေးပစ်ဖို့တွေးပြီးသား

"အာစိမှာကြိုက်တဲ့သူမရှိရင် နံ့သာကို ယူလိုက်ပေါ့ အာစိရာ နံ့သာက အာစိပေါ် ဟိုးအရင်ကတည်းကကောင်းရှာပါတယ်

"ငါမှသူကိုမကြိုက်တာ

"အဲ့တာဆို အာစိစိတ်ထဲမှ  အခုရှိနေတဲ့သူရှိလား

"အင်းရှိတယ်

"ဘယ်သူလဲ

"ဘယ်သူလဲ

ဒေါင်းWhere stories live. Discover now