"ဓီရာဇ်သိုလ် ဆိုတဲ့ ကျွန်တော်က အဲ့မိန်းမကိုတောင်းပန်မဲ့အစား ခွေးမ ကိုပဲသွားတောင်းပန်လိုက်မယ်!!"

"ဓီရာဇ်သိုလ်!!"

"အဟင့်...ကိုရယ် တော်ပါတော့...မောင်လေးက မဏိကို အမြင်မကြည်မှတော့ မဏိလဲ ဒီမှာမနေချင်ပါဘူး!!"

အပျက်မဆိုတဲ့အတိုင်း အပျက်မလေသံနဲ့ အကို့ကို ကပ်ချွဲနေပုံက ဖြတ်ရိုက်ချင်စရာ
အကိုကတော့ ထိုအသံကိုနားဝင်ချိုကောင်း ချိုနိုင်ပေမဲ့ သူ့အတွက်တော့တကယ်အော်ဂလီဆန်လွန်းသည်။

"အဟက်!!ဒီအိမ်ကပိုင်ဆိုင်မှုကိုမက်လို့ပဲအကို့ကို ယူထားပြီးတော့ ပလီပလာတွေပြောနေတာ ရွံစရာအရမ်းကောင်းတယ်နော် !!"

"ဓီရာဇ်သိုလ်!!မင်း...ခွပ်!!"

"အမလေး...ကို...တော်ပါတော့!!"

လူကမူးနေတာမို့ အကို့ထိုးချက်ကမပြင်းပေမဲ့ သိုလ် ကြမ်းပြင်ပေါ်ပစ်လဲကျသွားလေတော့သည်

သိုလ်လဲကျသွားတာမို့ မဏိပြာယာခတ်စွာ ဇိုင်ကိုအတင်းဝင်ဆွဲလေတော့သည်

"ဘာလဲ မိန်းမကိုထိတော့နာတယ်ပေါ့လေ...အဲ့မှာ အကို့ရဲ့စပါယ်ရှယ် မိန်းမကို အကိုပဲ ဖက်တွယ်ထားလိုက် ကျွန်တော်ကတော့ရွံ့တယ်!တောက်!!"

"ဓီရာဇ်သိုလ်...မင်း!!"

သိုလ် တောက်တစ်ချက်ခေါက်ပြီး အိမ်ထဲကနေထွက်ချလာကာ
သူ့ရဲ့ပြိုင်ကားအနက်ရောင်လေးပေါ်တက်လိုက်ရင်း ခြံထဲကနေ ကားပိုအကြမ်းပတမ်းမောင်းထွက်လာလိုက်သည်

တွေးရင်းတွေးရင်းဒေါသတွေက အလိပ်လိပ်ပင်...
ဒေါသတွေထွက်လွန်းလို့ သောက်ထားတဲ့အရှိန်တောင် ဘယ်ရောက်သွားလဲ မသိတော့!!

ငယ်ငယ်လေးထဲက သူ့ကိုဆိုအမြဲအလျော့ပေးကာ အငယ်ဆုံးမို့အလိုလိုက်ခံထားရတဲ့သူက
Daddyနဲ့mom ဆုံးပြီး အကို မဏိဆိုတဲ့မိန်းမနဲ့ လက်ထပ်ပြီးထဲက ညီအကို၂ယောက်ဘဝကလုံးဝဗြောင်းဆန်သွားခဲ့လေသည်...

မဏိဆိုတာက တခြားတော့မဟုတ် အကိုclubတစ်ခုကနေတွေ့ကာ လက်ထပ်ထားတဲ့သူဖြစ်သည်
Clubပျော်မိန်းမမို့ အကို့လက်ထဲပွဲမတိုင်ခင်ထဲက သိုလ့်အနားကိုကပ်ကာ သိုလ့်ကိုအတင်းတွေမြူဆွယ်တော့သည်
အကိုစိတ်ညစ်မှာဆိုးလို့ သူငြိမ်ခံနေပေမဲ့ မဏိက တဖြည်းဖြည်းအတင့်ရဲလာခဲ့သည်
အရင်တစ်ခေါက်ကဆို သူအခန်းထဲမှာရေချိုးနေတုန်း  သူ့ကုတင်ပေါ်ကို မလုံမခြုံတွေဝတ်ကာ ပိုင်စိုးပိုင်နင်း တက်အိပ်နေလို့ သူမောင်းချခဲ့ရသေးသည်

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now