အခုချိန်မှာတော့ တန်ခူးစိတ်ထဲမှာကြောက်စိတ်ဝမ်းနည်းစိတ်ရှက်စိတ်တွေကသာကြီးစိုးနေဆဲ...

■မြန်မြန်ပြန်လာခဲ့ပါအဖေရယ်.....

သူမအဖေကိုစောင့်နေရင်းနဲ့ ညကတဖြည်းဖြည်းအမှောင်ဖုံးလွှမ်းသွားပေမဲ့ အဖေကတော့ မိုးရေစက်တွေကြားကနေပြန်မရောက်လာသေး.....

ထိုအချိန်မှာပဲ.....

"တန်ခူးရေ...တန်ခူး!!"

လမ်းထိပ်က အဖေ့ရဲ့သူငယ်ချင်း ဦးဘမော်ရဲ့အရေးကြီးသုတ်ပြာခေါ်သံနဲ့အတူ အိမ်ထဲပြေးဝင်လာတော့သည်

"ဦးဘမော်!!"

လှေကားမှာမိုးရေတွေရွှဲလျက် ထိုင်နေတဲ့သူမခေါ်သံကြောင့် ဦးဘမော် သူမကိုမြင်သွားကာ...

"တန်ခူး...နင့်အဖေ...နင့်အဖေကိုအောင်တင် ကားတိုက်ပြီးဆုံးပြီတဲ့!!"

"ဝရော!!.....ဂျိမ်း!!ဂျိမ်း!!"

"ရှင်!!"

"နင့်အဖေအလောင်းကို ဦးမြသာတို့သယ်လာတယ်!!"

ထစ်ချုန်းသွားတဲ့မိုးခြိမ်းသံနဲ့အတူ သူမရဲ့ကမ္ဘာကြီးတစ်ခုလုံးလဲ အမှောင်တွေဖုံးလွှမ်းသွားလေတော့သည်...

"အဖေ!!"

"ဟာ....တန်ခူး!!တန်ခူး!"

တန်ခူးရဲ့ ဖိနပ်မပါတဲ့ခြေထောက်တွေက ခြံအပြင်ကိုပြေးထွက်သွားကာ မိုးရေတွေကြားတန်ခူးပြေးနေမိသည်က  အဖေရှိရာ ဦးမြသာတို့ဆီကိုပင်...

"အဖေ!!!အဖေ"

သူမခြေလှမ်းတွေက ဦးမြသာအိမ်ရှေ့ကိုရောက်သွားချိန်မှာတော့...

"ဟယ်....တန်ခူး!!သမီး!!"

"တန်ခူးလာတယ်...လူတွေဖယ်ပေးကြဦး!!"

တစ်ယောက်တစ်ပေါက်အော်သံတွေနဲ့အတူ တစ်နေရာမှာဝိုင်းအုံနေတဲ့ လူတွေက တဖြည်းဖြည်းနဲ့ ဘေးတစ်ဖက်တစ်ချက်ကိုဖယ်သွားကြလေတော့သည်...

ဝတ်ထားတဲ့ အင်္ကျီရင်ဖုံးလက်တိုလေးရော ပါထိုင်းအပွင့်ထဘီလေးပါမိုးရေတွေနဲ့စိုရွှဲနေသော တန်ခူးတစ်ယောက် ထိုလူအုပ်ဖယ်သွား၍ လွတ်သွားတဲ့နေရာကနေ ကြည့်မိတော့ ကားပေါ်မှာပလက်အနေအထားနဲ့အဖေမနက်ကဝတ်ထားတဲ့အဖြူရောင်ရှုပ်အင်္ကျီလေးနဲ့ အနက်ရောင်ဦးဂျမ်းပုဆိုးအကွက်စိတ်လေးကိုလှမ်းမြင်လိုက်ရသည်...

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now