ပါပါးပါးစပ်က ကျေးဇူးတရားဆိုတာကိုထည့်ပြောလာတယ်ဆိုတော့။ဒါဟာသူ့ကိုလက်ခံဖို့တွန်းအားပေးနေတာပဲမဟုတ်လား။တစ်ကယ့်သားအရင်းနဲ့ယှဉ်လာတဲ့အခါတော့ သားအရင်းရဲ့ခံစားချက်ကိုပဲပါပါးဦးစားပေးပြီ။သူဘယ်လိုခံစားနေရလဲထည့်မတွက်တော့ဘူး။ပညာသားပါပါနဲ့ ပါပါးကစကားကိုလှည့်ပတ်ပြောနေတာသူမသိ‌ရလောက်အောင်ညံ့တဲ့သူမဟုတ် ဟုတွေးလျှက်လရိပ်မက်တပ်ထရပ်လိုက်ပြီး..

“ပါပါးစိတ်ချပါ ပါပါးမွေးစားခဲ့တဲ့ကျွန်တော်က ပါပါးကိုပြန်ပြီးကျေးဇူးဆပ်ဖို့အမြဲတွေးနေတာပါ။ကျွန်တော့်ဘဝ၊အသက်နဲ့ပါပေးဆပ်‌ပြီးကျေးဇူးဆပ်မှာပါ။ကျွန်တော်ကကျေးဇူးမသိတတ်တဲ့လူစားမဟုတ်ဘူး။ကျွန်တော့်ဖေဖေကိုမသိခဲ့ရပေမယ့်။သီလမြဲတဲ့ကျွန်တော့်မေမေကကျွန်တော့်ကို အမြဲဆုံးမထားပါတယ်”

ထိုသို့ပြောတော့ပါပါး မျက်နှာကွက်ကနဲပျက်သွားခဲ့သည်။

“သား ပါပါးကသားတို့နှစ်ယောက်ကိုအဆင်ပြေပြေနဲ့တစ်သက်လုံးအတူမြင်သွားစေချင်တာပါ”

“ပါပါး ဆန္ဒပြည့်ဝစေရပါမယ်”

လရိပ်၏အပြောတွေကတောက်လျှောက်ခနဲ့ပြီးပြောနေပြီးဒီကိစ္စကိုလုံးဝသဘောမကျတာ ပါပါးသိပေမယ့်ဘယ်လိုလုပ်မလဲရှင်းခန့်ရဲ့စိတ်ကတစ်ဇောက်ကန်း။မဖြစ်သင့်တာတွေဖြစ်ပြီး မပျက်စီးသင့်တာတွေပျက်စီးရလိမ့်မည်။ဒီကိစ္စသာမဖြစ်မြောက်ရင်လရိပ်လည်းကောင်းကောင်းနေရမှာမဟုတ်ပေ။ဘယ်လောက်ထိဆန္ဒပြင်းပြလဲဆိုတာ သူကြိုးစားခဲ့တာတွေကသက်သေပင်။

“သား...သားမရှိရင် ရှင်းခန့်ကမဖြစ်ဘူး”

လရိပ်တစ်ဖက်သက်စိုးရိမ်နေသည့် စကားတွေကိုဆက်နားမထောင်ချင်တော့တာကြောင့် နှုတ်ဆက်ပြီးအိမ်ပေါ်ပြန်တတ်ကာ ကုတင်ထောင့်မှာရှင်းခန့်အားကျောခိုင်းလျှက်အိပ်လိုက်လေသည်။ခဏကြာတော့လက်ကြီးတစ်ဖက်ကသူ့ပုခုံးပေါ်သို့ကျရောက်လာရာ သူရိုက်ထုတ်ပြီးဖယ်ပစ်လိုက်လေ၏။ထိုအခါ ရှင်းခန့်ကအင်းအင်းနှင့် ပက်လက်အနေထားပြန်အိပ်ပျော်သွားလေသည်။ လရိပ်လဲအိပ်နေရာမှထ ထိုင်လိုက်ပြီးရှင်းခန့်မျက်နှာအားသေချာကြည့်လိုက်သည်။

My Bad Brother(Completed)Where stories live. Discover now