💙40💙Final

18.9K 1.5K 352
                                    

《အခန်း-၄၀》

『Villain King ဇာတ်သိမ်းခြင်း』

_______×_______

"အသင်ပြောတာကသေချာရဲ့လား သမားတော်ကြီးရဲ့"

"သေချာပါတယ် အမတ်ကြီးရယ် .. မင်းကြီးက ပုံမှန်မဟုတ်ဘူးဆိုတာ သွေးခုန်နှုန်းစမ်းသပ်ကြည့်ကတည်းက ကျုပ်သိတာပါ.. အခုကပိုသေချာသွားတယ် မင်းကြီး မကောင်းဆိုးဝါး တစ်ကောင်လိုအော်ဟစ်နေတာကို ကျုပ်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့ရတာပါ"

ကောက်ကျစ်တဲ့ဘက်ခ်အမတ်ကြီးက သမားတော်ရဲ့စကားကို တွေးဆနေသည် ။

"ခင်ဗျားပြောတာသာသေချာရင် ဒီကိစ္စကိုဖော်ထုတ်ပြီး မင်းကြီးကို နန်းချလို့ရပြီ ။ မင်းကြီးဆီမှာရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ဖျက်ဆီးပစ်လို့ရပြီ ... တစ်ချက်ခုတ်ရုံနဲ့ လေးငါးဆယ်ချက်လောက်ပြတ်မယ့် ကိစ္စပဲ"

Jeon မင်းကြီးအုပ်ချုပ်နေတဲ့အချိန်မှာ အရင်ကလိုမျိုး လာဘ်လာဘတွေစားမရတော့၍ တချို့ တစ်ကိုယ်ကောင်းသမားတွေက မင်းကြီးကိုအလိုမရှိကြဘူး ။

//

"ဘာတွေ ပြောနေတာလဲ မဖြစ်နိုင်တာဘဲ"

"သင်ကျွန်ုပ်ကိုယုံကြည်ပေးမှရမယ် သခင်လေး Yoongi ... ဒါက ကျွန်ုပ်ရဲ့ နောက်ဆုံး တောင်းဆိုခြင်းလေးပါပဲ "

"နတ်ဆိုးသွေးနဲ့ရှင်သန်တယ်  အဲ့လိုမျိုးလား"

"အင်း ဟုတ်တယ် ။ သင်ယုံဖို့ခက်ခဲနေတယ်ဆိုပေမယ့် မယုံကြည်လို့လည်းမရဘူး  ဘာလို့လဲဆိုရင် ဒါတွေက တကယ့် အဖြစ်မှန်တွေမို့လို့ပဲ "

"နတ်ဆိုးသွေးကိုဖယ်ထုတ်ဖို့ သင်က သင့်ရဲ့သွေးတွေနဲ့ လဲလှယ်ပေးမယ်ပေါ့"

"ဟုတ်တယ် ဒါက ကျွန်ုပ်သူ့အတွက်ပြန်ပြီးလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာလေးပဲ"

Yoongi ခေါင်းကို တွင်တွင်ရမ်းကာ

"မဖြစ်ဘူး  အဲ့သည်လိုလုပ်လို့မဖြစ်ဘူး ။ မင်းကြီးက သူကျန်းမာရေးကောင်းတာနဲ့ သင့်ကို လက်ဆက်ယူမယ်လို့ ကျွန်ုပ်ကိုပြောထားတာ "

Villain King And His Boyfriend (Completed)Where stories live. Discover now