《အခန်း-၃၉》
『ဝိညာဉ်ချုပ်ဖန်ပုလင်းမှလွတ်မြောက်ခြင်း』
_______×_______
ဝိညာဉ်ဖမ်းသည့်ဖန်ပုလင်းလေးကိုကိုင်၍ Yuji ပြုံးလိုက်သည် ။
အရှင်းဆုံးပြောရမည်ဆိုလျှင် Kim Taehyung ရဲ့ ဝိညာဉ်ကိုဖမ်းမည့်ဖန်ပုလင်းလေးတစ်ခုပေါ့ ။"Kim Taehyung .. ရှင်သာ ကျွန်မတို့ကို နည်းနည်းလောက် ငဲ့ညှာပေးခဲ့မယ်ဆိုရင် Hae Soo က အသတ်ပေးသွားစရာမလိုဘူး။ ရှင်က ဘုရင်ဖြစ်နေရင်တောင် ကိုယ့်ညီမကိုယ်တော့ သေချာပေါက်ကာကွယ်ပေးခဲ့ရမှာပေါ့ ဘာဖြစ်လို့များ အခုလိုအခြေအနေတွေအထိ ရောက်အောင်လွှတ်ထားပေးခဲ့ရတာလဲ ။ Hae Soo က ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်သလဲ .. Hae Soo အတွက် တရားမျှတမှုကရောဘယ်မှာလဲ"
Yuji အရူးတစ်ယောက်လိုမျိုးစကားတွေပြောကာ ငိုရှိုက်နေမိသည် ။
သူလုပ်နေတဲ့ လုပ်ရက်တွေကမှားသလားမှန်သလားဆိုတာ မတွေးတောနိုင်တော့ဘူး ။
နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Yuji က ဘာကိုမှထည့်မတွက်နိုင်တော့သည်လေ။//
"မင်းရဲ့ မယ်မယ် အခြေအနေမကောင်းဘူး"
"ဘယ်လို.. အခြေအနေမကောင်းဘူးဟုတ်လား သခင်လေး Yoongi "
"ဟုတ်တယ် Kim Taehyung ... အဲ့တာကြောင့် မင်း သူ(မ) ဆီကိုနောက်ဆုံးအနေနဲ့သွားတွေ့နိုင်တယ် ဒါပေမဲ့ မင်းကိုဘယ်သူမှတော့ မမြင်စေနဲ့"
Taehyung ခေါင်းငြိမ့်ပြ၍ အပြေးထွက်လာခဲ့လိုက်တော့သည် ။
Soya မယ်မယ်က သေဆုံးရမည့်သူဆိုတာ သိနေပေမယ့် အခုလောက်အထိမြန်ဆန်လိမ့်မယ်လို့တော့ Taehyung မတွေးခဲ့မိဘူး။-
-
-
-"သားတော်လေး.."
"မယ်မယ်"
Kim Soya ၏ လက်ကို Taehyung တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။သူ၏မျက်ဝန်းမှလည်း မျက်ရည်များစွာစီးကျနေခဲ့သည် ။
"မယ်မယ်လေ.. အ.. သားတော်ကို ချန်ထားခဲ့ရတော့မယ်.."
"ဘယ်ကတည်းကလဲ မယ်မယ်အခုလိုဝေဒနာခံစားနေရတာကိုဘာလို့မပြောပြခဲ့တာလဲ ဘာလို့လဲ... "
YOU ARE READING
Villain King And His Boyfriend (Completed)
Fanfiction"ဒီ Systemထဲကနေငါ့ကိုကယ်ထုတ်ပေးကြပါ!!!" Type-System Start Date- 17.1.2022 End Date-27.7.2022 Written by NiNi.. Cover Art by KiKiBin