"အဲ....ဟို အဲ့တာကလေ...
ဟို သြော် မြူရှင်း စောနကဘာကြီးမေးလိုက်တာ"

သိသိသာသာရော ထင်ထင်ရှားရှားပါ စကားလမ်းကြောင်းလွှဲပစ်တဲ့ သိုင်းဘုန်းကို ခမ်းညားမျက်စောင်းတစ်ချက်ပစ်ထိုးပစ်လိုက်သည်။ထို့နောက် နှစ်ယောက်လုံး မြူရှင်းကို စိတ်ဝင်တစားကြည့်လိုက်ကြတော့ မြူရှင်းလည်း ချောင်းတစ်ချက်ဟန့်ပြီး

"အမ်း....ဒီနေ့ အစ်ကိုသိုင်းကောင်တစ်ယောက်တည်းလားလို့မေးမလို့"

"အင်းလေ တစ်ယောက်တည်းလာတာမို့ တစ်ယောက်တည်းမြင်နေရတာပေါ့!!မဟူတ်မှလွဲရော မြူရှင်း မင်း!!!!"

မြူရှင်းကို လက်ညှိုးကြီးထိုးပြီး မျက်လုံးပြူးကြီးနဲ့ကြည့်လိုက်တာမို့ နဂိုကမှ မလုံချင်ချင်ဖြစ်နေတဲ့ မြူရှင်းခါးမတ်သွားရသည်။ထို့နောက် အသံတုန်တုန်နဲ့ မေးလိုက်သည်။

"ဘာ ဘာကြီးလဲ?"

သိုင်းဘုန်းလည်း ကုန်းကုန်းကြီးလက်ညှိုးထိုးနေရာမှ ထိုင်ခုံနောက်ကျောကိုမှီကာ ပါးစပ်ကိုလက်တစ်ဖက်ဖြင့် အုပ်လျှက်

"ဒါမျိုးက ငါတို့အုပ်စုကြားမှာ လျှို့ဝှက်ထားရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူးကွာ...အမှန်အတိုင်းပြော။မင်းမှာ နာနာဘာဝတွေဘာတွေမြင်ရတဲ့ သဘာဝလွန်အစွမ်းတွေရှိနေတာမလား။အခုလည်း ငါ့နောက်ကကပ်ပါလာတဲ့သရဲကို မြင်နေရတာမို့ ငါ့ကိုတိုက်ရိုက်ကြီးမပြောပဲ သွယ်ဝိုက်ပြီး တစ်ယောက်တည်းလာတာလားလို့ အသိပေးလိုက်တာမလား။

အဲ့အတွက်တော့ စိတ်ပူစရာမလိုဘူးသိလား။ငါ့ဆီမှာ  ငယ်ငယ်တုန်းကတည်းက ဘကြီးဘုန်းကြီးပေးထားတဲ့ ပရိတ်ကြိုးရှိတယ်။ဟောဒီမှာ"

ဆိုပြီး သူ့ခေါင်းကို နောက်လှည့်ပြလေရဲ့။သေချာကြည့်လိုက်တော့မှ ဆံပင်ကိုတစ်ဝက်စည်းနှောင်ထားတဲ့ကြိုးလေးဟာ ပရိတ်ကြိုးနဲ့ ခပ်ဆင်ဆင်တူနေ၏။

"တွေ့လား သွားလေရာပါတာမို့ သရဲကုတ်မှာ စိတ်ပူစရာမလိုဘူး ဟုတ်ပြီလား"

စကားဆုံးတော့ သိုင်းဘုန်းရဲ့နှဖူးနဲ့ စားပွဲမျက်နှာပြင်တို့ဟာ နှုတ်ဆက်စကားပြောလိုက်ရသည်။

CLOVER Where stories live. Discover now