Part (25)

6.4K 336 32
                                    

[Unicode]

"မောင့်ကိုကြည့်! မောင့်မျက်နှာကိုကြည့်ပါဦး.. "

အတွေးသမားလေးက အတွေးမြောက်မြားစွာနဲ့ မျက်လွှာ‌ကိုအောက်ချ၍ငိုနေပြန်‌ပါရော။ မျက်နှာလေးကို ဆွဲယူ၍ တစ်ဖွဖွနမ်းမိသည်။

"ဟမ်! မောင့်အသက်က အတွေးသမားလေးလား.. "

"ဟင့်! ငါကမကောင်းဘူး... "

ပခုံးပေါ်သို့ ခေါင်းလေးတင်၍သူ့ကိုယ်သူမကောင်းဘူးဆိုပြီး တအီအီနှင့်ငိုပြန်ပါ၏။ ‌သူ့မှာ တကယ်ပင် ကူကယ်ရာမဲ့ချေပြီ။ ဒီကလေးကို ဘယ်လိုမျိုးများချော့ရမည်နည်း။

"မောင်ကတောင်းပန်ပါတယ်ဂျွန်..မင်းအပေါ် မောင်စိတ်မရှည်သလိုဖြစ်သွားတယ်..မင်းစိတ်ကိုလဲမောင် အတင်းအကြပ်လုပ်မိသွားတယ်..အကုန်လုံးက မောင့်အမှားပါ၊ပြီး‌တော့ မင်းဒေါသတွေကို ထွက်လောက်အောင်ထိ မောင်..အွတ်! "

သူ့နူတ်ခမ်း‌တွေကို ဖြတ်ခနဲနမ်းလာသောဂျွန့်ကြောင့် စကားတွေပင် ပျောက်သွားရသည်။ အပေါ်နူတ်ခမ်းကိုဆုပ်၍ ဂျွန်က..

"ဟင့်အင်း..မပြောနဲ့တော့ ငါတို့အကုန်လုံးမှားခဲ့ကြတာမို့..ဘယ်သူ့အပြစ်မှမဟုတ်ဘူး.."

"ဂျွန်.. "

"ချစ်တယ်မောင်..."

ပြောလဲပြော သူ့ရဲ့ခါးကိုပင်ဖက်လာပါသော ဂျွန်။ရင်အုပ်ကိုမျက်နှာအပ်၍ဒီကလေးနှယ် သိပ်ကိုပဲ အသဲယားစရာကောင်းသည်။ အရပ်က ဂျွန့်ထက် ခေါင်းတစ်လုံးပိုမြင့်သည်မို့ ဖက်ထားသော ဂျွန့်ရဲ့ခေါင်းလုံးလုံးလေးပေါ် မေးလေးတင်ထားမိသည်။

"ဒီမောင်က မင်းထက်အများကြီးပိုချစ်တယ်..."

တင်းကျပ်စွာ ဒီခန္ဓာကိုယ်လေးကို လွမ်းမတတ်ဖက်ထားမိ၏။ ခန္ဓာကိုယ်လုံးလုံးလေးကလဲ သူခန္ဓာကိုယ်ကြီးထဲနစ်မြုပ်လို့။

"ထမင်းမစားရသေးဘူးမလား.."

"မောင်မှမရှိတာကို.. "

"မောင့်သက်လျာ.. " {Completed}Kde žijí příběhy. Začni objevovat