Part (10)

5.4K 390 71
                                    

[Unicode]

အဖွားက ထိုသို့ပြောတော့ ရင်ခွင်ထဲကအဆိုးလေးက သူ့ကိုတစ်ချက်ပြန်ကြည့်လာသည်။ ရုပ်လေးလဲ ရူံ့မဲ့မဲ့နှင့်။

"မောင်..ပြောပေးဦး"

တိုးတိုးလေးပြောလာသည့်ဂျွန်ကြောင့် ရယ်မိသေး၏။ ခါးကိုဖက်ထား၍ မျက်နှာကို ရင်ခွင်၌အပ်ကာ အနောက်က အဖွားကိုတောင်လှည့်မကြည့်သောဂျွန်။

"ဖွားဖွားရယ်..ဂျွန်က"

"တော်! "

အဖွားဆီက ထွက်လာတော့စကားကြောင့် ဂျွန့်ကိုယ်လုံးလေးမှာ တုန်သွားရသလို သူလဲပါးစပ်ပိတ်သွားရလေသည်။

"ဒီနေ့လဲ ငါ့သူငယ်ချင်းဆီပဲသွားအိပ်တော့မယ်.."

"အာ..ဂျွန်ကအဲ့လိုပြောတာမဟုတ်ပါဘူး အဖွားကလဲ.."

"ဟင့်! ကျနော်..ကျနော်တောင်းပန်ပါတယ်..အီးးးဟီးးး!"

အဖွားကအော်လိုက်တော့ ထို‌ကလေးကငိုလေပြီ။ သူ့မှာ ရင်ခွင်ထဲကငိုနေသည့် ဂျွန့်ကြောင့် အဖွားအားအမြန်ပြင်ပြောရလေသည်။ ကျောလေးအားပွတ်ပေးနေပေမဲ့ သူ့ကိုဖက်ကာ အဆိုးလေးကတောက်လျောက်ငိုနေလေသည်။ 

"အဖွားရယ်..ကျေးဇူးပြုပြီး"

"အဟမ်း! ဟိုကလေးငိုမနေနဲ့တော့..အဖွားကတိုင်းပြောလိုက်တာ.."

"အီးးးဟီးးးဖွားးဖွားးး.."

ငို၍အဖွားဆီသို့ပြေးသွားပြီး အဖွားအားဖက်ကာ ငိုနေပြန်‌သည့်ဂျွန်။ အော်..ဒီကလေးနှယ်။

"မငိုနဲ့တော့လို့..အဖွားကသက်သက်ပြောလိုက်တာပါ.."

"ဟင့်! တကယ်လားဟင်.."

"တကယ်ပေါ့ကွယ်..သွားသွား မင်းမောင်နဲ့ အချိန်တွေဖြုန်းလိုက်ဦး..အဖွားက ရက်လည်သွားရဦးမယ်.."

"ဟင့်! ဟုတ်"

သူ့အား ဖက်ထားရာကနေခွာတာတောင် ပေကပ်ပေကပ်နဲ့ ထွက်သွားလေသည်။

"ဟိုကလေး..ငိုမနေနဲ့တော့ အဖွားကဒီတိုင်းးပြောတာနော်.."

"ဟုတ်.."

အဖွားသည် သူ့အား မသွားခင်ပြောသွားလေသည်။ သူသည်လဲထမင်းစားစားပိုင်းဝိုင်း၌ထိုင်လိုက်သည်။ မျက်ရည်တွေအားသုတ်နေသည့်သူ့ကို မောင်ကာ လက်ကြီးပိုက်ကာ ရယ်နေရဲ့။

"မောင့်သက်လျာ.. " {Completed}Où les histoires vivent. Découvrez maintenant