" ရေချိုးတာ မြန်လိုက်တာ "
" သားနောက်ကျနေပြီလေ မေမေရဲ့ ။
အဝတ်သွားလဲလိုက်ဦးမယ် "
" အေး အေး ... ဖြေးဖြေးသွားဦး
ချော်လဲနေမှဖြင့် "
" သားက ဘယ်တော့မှ ချော်မ "
စကားမျှ မဆုံးသေး မွေးထားသော
ကြောင်ဖြစ်သူ၏ အမြှီးကို တက်နင်းမိကာ
ခြေချော်သွားရ၏ ။ ချော်လဲသည်ကို ရှက်သွားကာ ပါးများမှာလည်းနီရဲလို့ အပြစ်မရှိသော ကြောင်လေးကိုသာ အော်ငေါက်ရင်း အဝတ်လဲရန် မိမိအိပ်ခန်းစီသို့ သွားတော့သည် ။
" ဪ ဒီကလေးကတော့ ရှက်ပြာ ရှက်ပြာ
လုပ်တတ်တဲ့ အကျင့်က မပျောက်သေးဘူး "
ဒေါနှိုင်းဝင့်သွယ် ပြောကာ ပြုံးမိရင်း ဥယျာဉ်ဘက်ကို လှန်းကြည့်လိုက်၏ ။ ဥယျာဉ်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် မရယ်မပြုံးပင် ။
" ဒါနဲ့ ဥယျာဥ်ရော ဖျော်ရည်သောက်ဦးမလား "
" ရပါတယ် ကျွန်တော်မသောက်တော့ဘူး "
" ဟုတ်ပြီ ဟုတ်ပြီ ။ အန်တီ မီးဖိုထဲမှာ
ချက်စရာရှိသေးလို့ ခဏစောင့်နေဦး "
တွယ်ငြိရာဥယျာဉ် ခေါင်းသာတစ်ချက်ညှိမ့်ပြလိုက်သည် ။ ကိုယ့်ထက်အကြီးတစ်ယောက် အိမ်ရောက်နေသလိုပင်ဖြစ်သည် ။ မိနစ်အနည်းငယ် ကြာအပြီးမှာတော့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ကာပင် နှောင်းရတုခေတ် အခန်းထဲမှ ထွက်လာခဲ့၏ ။ မနေ့ညက ခေါင်းမာမာဖြင့် မိုးရွာထဲ အိမ်ပြန်လာခဲ့သည်မို့ မိုးမိ၍ ဖျားချင်,ချင်သာဖြစ်နေပြီ ။ ထို့ကြောင့် အနွေးထည်လက်ရှည်ဖြင့် ဘောင်းဘီ ခပ်ပွပွကို ဝတ်ဆင်ထားရမှ အဆင်ပြေသည် ။ ရာရာ့ကို သင်ပြပေးဖို့ စာအုပ်နှင့် ခဲတံများကိုထည့်ထားသည့် အမည်းရောင်အိတ်ကိုလည်း ဘေး၌လွယ်ထား၏ ။ အသက် ၂၀ ကျော်လူငယ်တစ်ယောက်ဖြစ်သော်လည်း ၁၈ နှစ်ဟု ထင်ရလောက်သည် ။ နှောင်းရတုခေတ်၏ ဝတ်စားနေထိုင်ပုံမှာ လွတ်လပ်၍ အဆင်ပြေ
သည် ။ တစ်ခုခုဆိုလျှင် တိကျတတ်သော နှောင်းရတုခေတ်ကတော့ ရာရာ့ကို ပန်းချီသင်ပေးဖို့ရာ အချိန်ကွတ်တိပင် ပြင်ဆင်ပြီး
သွားရန် အဆင်သင့်ဖြစ်နေ၏ ။ ကိုယ့်အတွေ့ဖြင့်ကိုယ် ဆက်လျှောက်လာရင်း ဧည့်ခန်းထဲသို့ရောက်ရာ မိမိကိုစိုက်ကြည့်နေသော တွယ်ငြိရာဥယျာဉ် ကို တွေ့ရသည်မို့ ရင်ကိုကော့ရင်း ခါးကိုဆန့်ထုတ်ကာ ....
YOU ARE READING
ဤရာစုနှစ် [ ခေတ္တရပ်နား ]
Historical Fictionဒီစိတ်ကူးယာဥ် ကမ္ဘာငယ်လေးတစ်ခုစီကို ရောက်လာတဲ့အခါ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းနဲ့ ရသအစုံကို ခံစားရစေပါလိမ့်မယ် ။ နှောင်းပိုင်းခေတ်ကနေ ရှေးပြေးခေတ်ထိ ပါဝင်ပတ်သက်နေတဲ့ သစ္စာတရားတစ်ခုက ရာဇဝင်တည်စေခဲ့မှာလား ဆိုတဲ့ မေးခွန်းက " ဤရာစုနှစ် " ကို စဖတ်တဲ့အ...
Part [ 3 ] ( Unicode)
Start from the beginning
![ဤရာစုနှစ် [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/315952514-64-k421181.jpg)