" အားးး ကယ်ကြပါဦး! "
ဒေါ်နှိုင်းဝင့်သွယ် ဧည့်ခန်း၌ စကားပြောနေရင်းပင် အလန့်တကြားထအော်သည့် မိမိ၏သား ဖြစ်သူကို စိတ်ပူကာ သွားကြည့်ရ၏ ။ အခန်းထဲသို့ရောက်ရာ အင်္ကျီတွင်ချွေးများစိုရွှဲနေရင်း မောဟိုက်၍ သက်ပြင်းအခါခါချနေသော နှောင်းရတုခေတ် ကိုတွေ့ရသည်မို့ ရေတစ်ခွက်အမြန်ခက်ကာ သောက်ခိုင်းစေ၏ ။
နှောင်းရတုခေတ်သည်လည်း မျက်လုံးအစုံကို ပြူးဖွင့်ကာ ရေကိုမော့သောက်လျက်ပင် ။ ဒေါ်နှိုင်းဝင့်သွယ်ကတော့ သက်ပြင်းတစ်ချက်ချလိုက်ရင်း နှောင်းရတုခေတ်၏ ကျောပြင်အား အသာပွတ်သပ်ပေးကာ ကရုဏာမျက်လုံးများဖြင့် ငဲ့ကြည့်နေမိ၏ ။ အမြဲပင် အိမ်မက်ဆိုးမက်တတ်သည်မို့ နှလုံးရောဂါ လက္ခာရှိသည့် ရတုကို အမှန်ပင် စိုးရိမ်မိသည် ။
" ရတုလေး အိမ်မက်တွေ ထပ်မက်ပြန်တာလား "
" ဟုတ်တယ်မေမေ ... အဲ့အိမ်မက်ကိုမက်ပြီးရင် သားတစ်ခုခုကို လွမ်းသလိုမျိုးကြီးဖြစ်သွားတယ် ။ ပြီးတော့ တကယ်ကြီး ပြုတ်ကျနေသလိုမေမေရာ ကြောက်စရာကောင်းတယ် "
" ဒီသားဦးလေးကတော့ အတော်ခက်သား ။ သားကိုဗေဒင်ဆရာကြီးက ဟောပေးဖူးတယ် သားက ရာဇဝင်တွေထဲကနေ ဆင်းသက်လာတဲ့ လူတစ်ယောက်တဲ့လေ "
ဒေါ်နှိုင်းဝင့်သွယ် ဤစကားပြောလိုက်သည်နှင့် နှောင်းရတုခေတ် မျက်နှာကြီးပြုံးဖြီးကာ ဂုဏ်ဆာနေ၏ ။ ရာဇဝင်ဆိုသည်တည်းက သမိုင်းတွေထဲက ဇာတ်ထုတ်လို့ပဲထင်မှတ်ကာ မိမိကိုယ်ကို ဘုရင်တစ်ပါးဟု ထင်မြင်နေပေရဲ့ ။
" အယ် ကျန်စစ်သားတို့လိုလား ... အဟိ "
သွားအဖြီးသားဖြင့် ဂုဏ်ဆာ၍မေးလာသော နှောင်းရတုခေတ်က ကလေးစိတ်မကုန်သေး၍ စိတ်ကူးယာဉ်နေဆဲပင် ။
" ကယ် ဒီကလေးနဲ့တော့ ပေါက်ကရတွေ တွေးနေပြန်ပြီ ။ ရေသွားချိုးတော့ ရာရာလေးကို ပန်းချီသင်ပေးရဦးမယ်မလား "
" အာ ဟုတ်သား ။ အခုဘယ်နှစ် နာရီရှိပြီလဲမေမေ "
" ၇ နာရီ ထိုးပြီး ရတုလေးရဲ့ "
" ရာရာ့ကို ၇ ခွဲ စသင်ဖို့ ပြောထားတာ
နောက်ကျတော့မှာပဲ ။ အမလေး ဘယ်က ဘယ်လို စလုပ်ရမှန်းတောင် မသိတော့ဘူး ။ သွားဖို့ကို မှီတောင်မှီပါ့မလားဘဲ ။
တကယ်ပဲ ကားကလည်း တိုးစီးရဦးမှာ "
YOU ARE READING
ဤရာစုနှစ် [ ခေတ္တရပ်နား ]
Historical Fictionဒီစိတ်ကူးယာဥ် ကမ္ဘာငယ်လေးတစ်ခုစီကို ရောက်လာတဲ့အခါ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းနဲ့ ရသအစုံကို ခံစားရစေပါလိမ့်မယ် ။ နှောင်းပိုင်းခေတ်ကနေ ရှေးပြေးခေတ်ထိ ပါဝင်ပတ်သက်နေတဲ့ သစ္စာတရားတစ်ခုက ရာဇဝင်တည်စေခဲ့မှာလား ဆိုတဲ့ မေးခွန်းက " ဤရာစုနှစ် " ကို စဖတ်တဲ့အ...
![ဤရာစုနှစ် [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/315952514-64-k421181.jpg)