လွန်လေပြီးသော သကာလ သက္ကရာဇ် ၁၃ ရာစုနှစ်တွင် ပုဂံပြည်၏ ဧကရာဇ်မင်းတစ်ပါး၌ မိဖုရားခေါင်နှင့်ရသော
သုံးယောက်မြောက် သားတော်လေးတစ်ပါးဖွား၏ ။
ယင်းသားတော်လေး အသက် နှစ်ဆယ့်
နှစ်,နှစ် အရွယ်မှစလို့ မြားပစ်ခြင်း ၊ မြင်းစီးကျွမ်းကျင်ခြင်း ၊ ဓားရေး နှင့် လှန်ရေး
ထူးချွန်ပြီး ကိုယ်ခံပညာ တတ်မြောက်ခြင်းနှင့် စစ်ရေးရာအတွက် စီမံခန့်ခွဲနိုင်ခြင်းဖြင့် ဘက်စုံ၌ ပြီးပြည့်စုံကာ ထူးချွန်တတ်မြောက်သော မင်းသားတစ်ပါး ဖြစ်လာသည် ။
ဤသို့ကြောင့် ၎င်းသုံးယောက်မြောက်သားတော်သည် ဧကရာဇ်၏ ချစ်ခင်ဖွယ်ရွှေခဲ ဖြစ်လာတော့၏ ။
တစ်နေ့သော် ယင်းသားတော်၏ အိပ်ဆောင်တံခါးကြီး၌ ပွန်းပဲ့ရာများ ထင်ကျန်နေ၍ ကနုတ်လက်ရာများလည်း ပျက်စီးယိုယွင်းနေပြီဖြစ်လို့ ဖခမည်းတော်အား လျှောက်တင်လေလျှင် ဖခမည်းတော်ဧကရာဇ်သည် ပုဂံပြည်၌ လက်ရာမြောက်လှသော အသက် နှစ်ဆယ့်လေးနှစ်အရွယ် အညတရ ကနုတ်ဆရာထံသို့ ထိုတံခါးအား မွမ်းမံပေးရန် အမိတ်ပေး၏ ။
မင်း၏ အမိတ်တော်မို့သာ ကနုတ်ဆရာ လာ၍ ဆောင်ရွက်ရလေရာ မိမိ၏ အိပ်ဆောင်တံခါးဝ၌ ကနုတ်များထွင်းကာ ပုံဖော်နေသော ထိုကနုတ်ဆရာအား မြင်မြင်ချင်းပင် ဧကရာဇ်၏ သုံးယောက်မြောက်သားတော်လေး မြတ်နိုးစုံမက်မိ၏ ။
ထို့ကြောင့်သာ သားတော် ချစ်ရေးဆိုရာ နှစ်၊လများကြာပြီးသည်အထိ ဧကရာဇ်၏ သုံးယောက်မြောက်သားတော်နှင့် ကနုတ်ဆရာတို့ အချင်းချင်းမေတ္တာ ရှိလာကြသည် ။
ဤအကြောင်းအား ဧကရာဇ်မင်းကြီး သိလေသော် မိမိ၏ ရွှေခဲကဲ့သို့ မြတ်နိုးလှသော ထိုသားကို ရက်စက်ဖွယ် သေဒဏ်မပေးလို
ဤမျှကြောင့်သာ ထိုသားတော်အား အမြတ်ဒေါသဖြင့် ကြိမ်ဒဏ် ၅၀၀ ပေးကာ ဆုံးမ၏ ။
သားတော်သည်တော့ ဤတားမြစ်ခြင်းကို မမှုပါပေ ဆက်လို့ ရှေ့တိုးသည်မို့ ဧကရာဇ်သည် အသေအချာပင် မှူးမတ်များဖြင့် သားတော်အား စောင့်ကြည့်စေတော့မည် ။
သို့သော်လည်း ဘက်စုံတွင် ထူးချွန်သော ဧကရာဇ်၏ သုံးယောက်မြောက်သားတော်အတွက်တော့ ထိုအရာက အနည်းငယ်ကြိုးပမ်းရရုံပင် လွယ်လှသည် ။
ESTÁS LEYENDO
ဤရာစုနှစ် [ ခေတ္တရပ်နား ]
Ficción históricaဒီစိတ်ကူးယာဥ် ကမ္ဘာငယ်လေးတစ်ခုစီကို ရောက်လာတဲ့အခါ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းနဲ့ ရသအစုံကို ခံစားရစေပါလိမ့်မယ် ။ နှောင်းပိုင်းခေတ်ကနေ ရှေးပြေးခေတ်ထိ ပါဝင်ပတ်သက်နေတဲ့ သစ္စာတရားတစ်ခုက ရာဇဝင်တည်စေခဲ့မှာလား ဆိုတဲ့ မေးခွန်းက " ဤရာစုနှစ် " ကို စဖတ်တဲ့အ...
![ဤရာစုနှစ် [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/315952514-64-k421181.jpg)