Part [ 3 ] ( Unicode)

ابدأ من البداية
                                        

" သူကပဲ ငါ့လာခေါ်တယ် ရှိရသေးတယ် ။ထိုင်စောင့်နေတဲ့ရုပ်ကိုက ခွေးရုပ်နဲ့ "

နှောင်းရတုခေတ် ကိုယ်တိုင်ကြားရုံမျှ တီးတိုးပြောရင်းပင် တွယ်ငြိရာဥယျာဉ်ကို ဂရုမစိုက်‌တော့သည့်ဟန်ပြုကာ ရေချိုးခန်းစီသို့ ဦးတည်သွား၏ ။ ဒေါ်နှိုင်းဝင့်သွယ်ကတော့ ဧည့်ခန်းစီသို့ ထွက်လာရင်း တွယ်ငြိရာဥယျာဉ်ကို စကားဆိုလာသည် ။

" သားက အကြီးဆုံးလား "

" ဟုတ်တယ် အန်တီ "

" ရာရာရော နေကောင်းရဲ့လား "

" ဟုတ်ကဲ့ "

ရာရာ့အကြောင်းမေးလိုက်သည်နှင့်
တွယ်ငြိရာဥယျာဉ် မျက်နှာထားမှာ စိတ်ပျက်သောဟန်ဖြင့် အသံခပ်တင်းတင်း‌ဖြေလိုက်သည် ။ ဒေါ်နှိုင်းဝင့်သွယ် သေချာသဘောပေါက်မိ၏ ။ ထို့ကြောင့်သာ အခြားစကားအား လမ်းကြောင်းလွှဲရန် တွေးမိသည် ။

" ဒါနဲ့ သားနာမည်က တွယ်ငြိရာဥယျာဉ် မလား "

" ဟုတ်ပါတယ် "

" အန်တီ့ နာမည်က ဒေါ်နှိုင်းဝင့်သွယ် ။
ရတုလေးရဲ့ အမေပေါ့ ။ အန်တီက သားအမေနဲ့အဖေရဲ့ ငယ်သူငယ်ချင်းလို့ပဲ ဆိုရလေမလား ။ ရင်းနှီးတာ သားမမွေးခင်တည်းက အတော်ကြာပြီပေါ့ "

" မေမေ သားမနက်စာ မစားသွားတော့ဘူး "

ရေချိုးခန်းထဲမှ ထွက်လာကာ စကားဖျက်ပြောလိုက်သည်မှာ နှောင်းရတုခေတ် ပါပင် ။
နှောင်းရတုခေတ် သေးသွယ်သော ခါး၌ အဖြူရောင် သဘတ်စကို ရစ်ပတ်ထားကာ ၊ ကျဥ်းမြောင်းရာ ပုခုံးထပ်သို့  နောက်သဘတ်တစ်စုံလည်း တင်ထားသေးသည် ။
အသားအရည်ပင် ဖြူဥလို့ တကယ့်အနု
အရွလေးပါပင် ။ နှုတ်ခမ်းတစ်စုံမှာ
ကြာဖူးကဲ့သို့ ဖူးဖူးလေးဖြင့် ပန်းနုရောင်များ သန်းနေကာ စကားဆိုသော အသံသည်လည်း ကြားရရုံပင် အေးချမ်းသည့် ရသကို ခံစားရမှာအမှန်ပင် ။ မျက်လုံးများမှာ စက်ဝိုင်းသကဲ့သို့ ဝိုင်းစက်နေပြီး မျက်တောင်တို့သည်လည်း သူ့နေရာနှင့်သူ အညီအညာပင် ရှည်လျားနေပါ၏ ။ ရေသီးနေပါသော ဆံပင်သည်လည်း ထိုမျက်လုံးဝိုင်းတစ်စုံပေါ်သို့ ဝေ့ဝဲ၍ ကျနေလျက်ပင် ။ ထိုနှောင်းရတုခေတ်သည် ယောက်ျားလေးဖြစ်သော်လည်း လှသည်ဟုဆိုရန် သင့်တော်သည့်အနေအထားဖြစ်၏ ။

ဤရာစုနှစ် [ ခေတ္တရပ်နား ]حيث تعيش القصص. اكتشف الآن