Part [ 3 ] ( Unicode)

Start from the beginning
                                        

နောက်ကျနေပြီပြောပြီး ကုတင်ပေါ်က မဆင်းသေးပဲ ပါးစိပါးစပ်များနေတဲ့ နှောင်းရတုခေတ်ကိုကြည့်ရင်း ဒေါ်နှိုင်ဝင့်သွယ် ခပ်ယေးယေးလေးဖြင့် ပြုံးလိုက်မိ၏ ။ ဇီဇာကြောင်တတ်သည့် ဤအကျင့်ရှိသည်မို့ ရတု လူပျိုကြီးဖြစ်မှာတောင် စိုးရိမ်မိရဲ့သား ။

" ကားတိုးစီးစရာ မလိုပါဘူး ရတုလေးရဲ့။ အောက်ထပ်မှာ မှိုင်းရာရဲ့ သားအကြီး
ရောက်နေတယ် သားကိုလာခေါ်ခိုင်းလိုက်လို့တဲ့လေ "

" ဟမ် သားကိုလေ .... သူက! ။ သားက အဲ့ကောင်ကို နည်းနည်းမှ ကြည့်ရတာမဟုတ်ဘူး "

ဤသို့ဆိုပြီး ကုတင်ပေါ်ကဆင်းကာ
နှောင်းရတုခေတ် မျက်လုံးသားများကို ပွတ်တိုက်လို့ အခန်းပြင်စီ ထွက်လာခဲ့၏ ။ဧည့်ခန်းစီသို့ အကြည့်များရောက်သွားသော်
သစ်သားခုံတစ်ခုံ၌ပင် ကုန်းထားသော အနေအထားဖြင့် ဒူးကားထားရင်း
ထိုဒူးနှစ်ဖက်ပေါ်သို့ ဒတောင်နှစ်ဘက်ထောက် တင်ထားသော တွယ်ငြိရာဥယျာဥ် ကိုတွေ့ရ၏ ။

[ အဲ့လိုပုံ အချိုးအစားထိုင်နေတာပါ ]

တွယ်ငြိရာဥယျာဉ် T Shirt မီးခိုးရောင်ပေါ်တွင် လယ်သာအပြောင်သား အနက်ကုတ်လက်ရှည် တစ်စုံကို ဝတ်ဆင်ထားပြီး ဘောင်းဘီမှာလည်း ၄င်းအတိုင်း အနက်ပင် ။ ထို့အပြင် အနက်ရောင် ကေသာကို နှစ်ဖက်လုံး လှန်တင်ထားကာ အတော်ကို မိမိုက်လှပါသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


တွယ်ငြိရာဥယျာဉ် T Shirt မီးခိုးရောင်ပေါ်တွင် လယ်သာအပြောင်သား အနက်ကုတ်လက်ရှည် တစ်စုံကို ဝတ်ဆင်ထားပြီး ဘောင်းဘီမှာလည်း ၄င်းအတိုင်း အနက်ပင် ။
ထို့အပြင် အနက်ရောင် ကေသာကို နှစ်ဖက်လုံး လှန်တင်ထားကာ အတော်ကို မိမိုက်လှပါသည် ။

သို့သော်လည်း အတွင်းဝတ် T Shirt ကလွဲရင် တစ်ကိုယ်လုံးပင် ခန္ဓာကိုယ်အသားပါမကျန် အနက်ရောင်ဖုံးလွှမ်းနေကာ အောက်လမ်းဆရာကြီး အိမ်ရောက်နေသည့်အလားဟု နှောင်းရတုခေတ် တွေးမိကာ ရယ်လိုက်မိသည် ။

တစ်ဖက်မိန်းမပျို၏ အမြင်ဖြစ်လျှင်
ငြား နှောင်းရတုခေတ်အမြင်နှင့် အတော်ကွဲပြားမှာ သေချာသည် ။ တွယ်ငြိရာဥယျာဉ်သည် မျက်နှာထားမှာ တင်းမာလျက် ခန့်ညားသော မေးရိုးမှာလည်း ထင်းလို့ပင် ။ ထို့အပြင် မျက်မှောင်ကျုံ့ထား သကဲ့သို့ ထောင့်ကျသော မျက်ခုံးတစ်စုံနှင့် ထိုမျက်ခုံးအပေါ်၏ ဘယ်,ဘက် အပေါ်စွန်းတွင်လည်း မှည့်အနက်ရောင်မှာ အထင်းသား ။ စူးရှပါသော မျက်လုံးများသည်လည်း အနည်းငယ်မျှတော့ ကြောက်စရာကောင်းလောက်အောင် ဝင့်ထည်နေ၏ ။ သည်မျှလောက် ခန့်ညားလှသော တွယ်ငြိရာဥယျာဥ်ကိုတော့ နှောင်းရတုခေတ်မှ အမြင်မကြည်ပေ ။

ဤရာစုနှစ် [ ခေတ္တရပ်နား ]Where stories live. Discover now