I waited but it never came

Start from the beginning
                                    

"ငါဒီနေ့ဘာလုပ်စရာကျန်သေးလဲ"

စကားပြောပြီးနောက် အိပ်ရာဝင်တော့မှာမို့ ဖုန်းကိုဘေးချပြီး ထယ်ယောင်း‌တစ်နေ့တာကိုပြန်တွေးတော့သည်။ အကျင့်တစ်ခုရှိသည်က ညမအိပ်ခင် တစ်နေ့လုံးဘာလုပ်ခဲ့သလဲပြန်တွေးပြီး လုပ်စရာအလုပ်ကျန်မကျန်စဥ်းစားတတ်တာကြောင့် ဒါကထယ်ယောင်းအတွက်လုပ်နေကျပင်။

ထိုစဉ်ရုတ်တရက်ဆန်ဆန်ပဲ အတွေးထဲဝင်လာတဲ့ နေ့လည်ကထိုကောင်လေး။ မျက်လုံးဝိုင်းဝိုင်းနဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားသည့်ထိုကောင်လေးက သူ့နာမည်အရှေ့မှာ ကိုကိုဟုတပ်ခေါ်သည်။ ထိုအခါမေးခွန်းတွေကများလာတယ်။ သူ့ကိုအဲ့ကောင်လေးဘယ်လိုသိနေလဲဆိုတာထက် သူ့ကိုဘာကြောင့် တရင်းတနှီးကိုကိုလို့ခေါ်တာလဲဟု။ တကယ်ဆိုအဲ့ကောင်လေးကို သူလည်းတစ်ခါမှမမြင်ဖူးပါဘူး။

*Ting*

အတွေးများနေစဉ်အတောအတွင်းTingခနဲ Notiတက်လာတဲ့ Messageအသံကြောင့် အွန်းမီများလားဟုကြည့်လိုက်ပေမဲ့ မြင်လိုက်ရတဲ့အရာတစ်ချို့ကြောင့် ထယ်ယောင်းနည်းနည်းမျက်ခုံးကြုံလိုက်မိတယ်။

*Hi ကိုကို*

တဲ့။ လောလောလတ်လတ်တင် အတွေးများထားပြီးစိတ်ရှုပ်ထားရတာ။ အခုလည်း ဘယ်သူကများသူ့ကို ကိုကိုလာခေါ်နေတာလဲ။ မဟုတ်မှ...နေ့လည်ကကောင်လေးပဲလား။

အကောင့်နာမည်ကထူးဆန်းသည်။ Aကနေ Zအထိတန်းစီရေးထားတာမှ အက္ခရာနှစ်လုံးပဲလွတ်သည်။ Profileကတော့ခွေးလေးကိုတစ်ယောက်ယောက်ကချီထားတဲ့ပုံတင်ထားပေမဲ့ တကယ်တော့ထယ်ယောင်းစိတ်မဝင်စားပါ။ စကားလာစပြောလို့လည်း စိတ်ဝင်တစားနဲ့ တစ်ဖက်Wallထဲကိုဝင်စစ်ကြည့်ဖို့လည်း စိတ်ကူးမရှိပါ။ ဒီအတိုင်းပဲလျစ်လျူရှုလိုက်သည်။

*Ting*

အချိန်အနည်းငယ်အကြာ တစ်ဖက်မှစာပြန်ပို့လာသည်။ ကြည့်ရတာသူစာပို့ပြီးတာကြာတဲ့အထိ ကျွန်တော်စာမပြန်ခဲ့တော့ သူ့ဘက်ကအနေခက်သွားတယ်ထင်ပါ့။ သူ့ကြောင့် ကျွန်တော်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဟုပို့ပြီး ရပ်သွားသည်။

Rhythm of You 𐤀 [Completed]Where stories live. Discover now