(အပိုင်း ၁)

5.1K 315 2
                                    

အဖြူရောင်ချစ်ခြင်း☁💙

(အပိုင်း-၁)

ပြတင်းပေါက််မှာ ကာထားတဲ့ ခန်းစီးစဖြူဖြူလေးက လေတိုက်တိုင်း တစ်လွင့်လွင့်...နိုးနေပေမဲ့ မထသေးပဲ ပေအိပ်နေလိုက်သည်။ အကြောင်းမရှိ လိုက်ကာစဖြူဖြူလေးကိုသာ ငေးကြည့်နေမိ၏။ တကယ် ဘာမှမတွေးပဲ အဖြူရောင်လိုက်ကာလေးကို ကြည့်နေတာပါ လှလိုက်တာ လေယူရာ ယိမ်းနွဲ့နေတဲ့ အဖြူရောင် လိုက်ကာလေး...

"အပေါ်က တစ်ယောက် ခုထိမထသေးဘူးလား...? ကျနော်မနက်စာတောင်ပြင်ပြီးပြီး!! နာရီလေးဘာလေးလည်းကြည့်အုံး... ဘယ်ချိန်ရှိနေပြီလဲဆိုတာ အာ...တကယ်ပါပဲ အကုန်လိုက်ပြောနေရတယ်... ဒီအရွယ်ပဲရောက်နေပြီ!! ကိုယ့်အားကိုယ်လေးလဲကိုးပါအုံး..."

ကြားရပါတော့မယ်၊နားပူအောင်ပြောမဲ့စကားတွေ...။ သူမသိမသာလေးပြုံးလိုက်မိသည်။ အိပ်ရာမှထကာ အောက်ကိုဆင်းသွားလိုက်သည်။

မီးဖိုမှာချက်ပြုတ်ကြော်လှော်နေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေး ဂျွန်ဂျောင်ကု...။ ပြုံးစိစိနှင့် ဂျီမင် ထမင်းစားခုံမှာဝင်ထိုင်လိုက်တော့... ကိုယ်တော်ချောက စောင်းကြည့်လေ၏။

"Yarr...အဲ့ခုံမှာထိုင်ပြီး ဘာလုပ်မလို့လဲ...?ဟမ်... မျက်နှာမသစ်ပဲ အောက်ဆင်းလာပြီး ထမင်းစားရမယ်မကြံနဲ့ မကျွေးဘူး "

"ထမင်းစားမလို့မဟုတ်ပါဘူး... ထိုင်ရုံပဲထိုင်မှာပါ "

" ပြီးကျနေဟိုဟာနိုက်စား ဒီဟာနိုက်စားနဲ့ ညစ်ပတ်တယ် မျက်နှာအရင်သွားသစ်ပါ Jimin shi..."

" အာဒါဆော အာဒါဆော သွားတော့မယ် "

ဒီငကုတစ်ယောက်နဲ့တော့ တကယ်ကိုမလွယ်ဘူး... သူ့ကိုအမေလို့ခေါ်ရင်လည်း မကြိုက်ဘူး... ငါ့အမေသေလို့ ဝင်စားတဲ့ကောင်များလား အကုန်လိုက်ပြောနေတာပဲ... ငါသူ့ထက်အသက်ပိုကြီးလို့တာပေါ့ နို့မို့ဆို ငါတော့မလွယ်ဘူး... အတွေးများဖြင့် အပေါ်သို့ပြန်တက်ကာ မျက်နှာအရင်သစ်လိုက်သည်။

ဂျောင်ကုတစ်ယောက် ချက်စရာရှိတာကိုသာ ဆက်ချက်နေလေ၏။ ဂျောင်ကုအတွက် ဂျီမင် ကအနည်းငယ်အသက်ပိုကြီးပေမဲ့ သူ့အတွက်တော့ ရွယ်တူလိုပင် တိုက်ခန်းတူတူငှားနေတာ တစ်နှစ် နှစ်နှစ်ပင်မကတော့။ ဂျောင်ကုနဲ့ ဂျီမင်ဆိုတာကလည်း မနေ့တစ်နေ့ကမှသိတဲ့သူတွေမှမဟုတ်တာ။

"အဖြူရောင်ချစ်ခြင်း"(Complete)Where stories live. Discover now